UWSA“ဝ”အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်
နေပြည်တော်၊ ဇန်န၀ါရီ - ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပေါက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ UWSA “ဝ” အဖွဲ့က အတင်း အဓမ္မလူသစ်စုဆောင်းမှုများကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်လာခဲ့သော နမ့်တောင်းကျေးရွာ အုပ်စု၊ ရှုခါကျေးရွာနှင့် ဘူခေါကျေးရွာတို့မှ ဒေသခံပြည်သူ မိသားစုဝင် ၁၀ ဦးတို့သည် ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့သို့ ရောက်ရှိခဲ့သည်။
UWSA “ဝ” အဖွဲ့သည် ကျေးရွာများရှိ အသက် ၁၂ နှစ်အထက်ရှိသူများအား စစ်မှုမထမ်းမနေရ အမိန့် ထုတ်ပြန်ထားကြောင်းနှင့် တိမ်းရှောင်လာသူ ဒေသခံပြည်သူများမှာ ၎င်းတို့စစ်မှုထမ်းရန် အလှည့်ကျရောက် လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဒေသခံပြည်သူများအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက ၎င်းတို့ တည်းခိုရာနေအိမ်သို့ သွားရောက်အားပေးစကားပြောကြားပြီး နယ်မြေခံတပ်နှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် ဆန်၊ ဆီ နှင့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
UWSA“ဝ”အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်
Reviewed by THITHTOOLWIN
on
15:54
Rating:
