ဦးနေ၀င်းဈာပန လေဆိပ်အသင်းဝင် Taxi ရာနှင့်ချီ ပို့ဆောင်မည်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီ ၂၉ ရက်နေ့က မသမာသူတဦးက တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ပစ်သတ်လုပ်ကြံရာတွင် ကျုးလွန်သူကို ကူညီဖမ်းဆီးရင် အသက်ပေးခဲ့ရသော အငှားယာဉ်မောင်း ဦးနေ၀င်း၏ ဈာပနကို ရန်ကုန်လေဆိပ်အသင်းဝင်Taxi အစီးရေ ရာနှင့်ချီပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။

“မနက်ဖြန် ကျွန်တော်တို့အားလုံး လိုက်ပို့မှာပါ။ ဒီမှာဂိတ်၎လေးခုပေါင်းရင် ၆၅၂စီး ရှိပါတယ်။ပို့တဲ့ကားများမှာပါ၊ဒါပေမဲ့ ခရီးသည်တွေ ဒုက္ခမရောက်အောင်လည်း ကျန်တဲ့ကားတွေက လေဆိပ်မှာကျန်မှာပါ။ ကျွန်တော်တို့ဂိတ်ကတော့ ၂၀၀ပဲရှိတာပါ၊ အိမ်ကနေ ၁၁နာရီထွတ်မှာဆိုတော့ ဘောလုံးကွင်းထဲမှာစုရပ်ပေါ့။ ကြံခင်စုဘောလုံးကွင်းပါ။ ကြံခင်းစုရပ်ကွက်က လေဆိပ်နားက ရပ်ကွက်ပါပဲဟု”ကိုနေဝင်း၏မိတ်ဆွေဖြစ်သူ ကိုကံထူးက News Watch ကို ပြောကြားသည်။

အသက်(၄၈)နှစ်အရွယ် ဦးနေ၀င်းဟာ မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်၊ မြတောင်ညို(၁) လမ်းမှာ နေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူအပါအ၀င် အသက်(၇)နှစ်၊ (၄)နှစ်နဲ့(၄၅)ရက်သားအရွယ် သား(၃)ဦး ကျန်ရစ်ခဲ့ပြီး၊ ဦးနေ၀င်းရဲ့ ဈာပနကိုတော့ ဇန်န၀ါရီ(၃၁) ရက်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ သင်္ဂြိုဟ်ဖြစ်ကြောင်းသိရသည်။

မင်းဇာနည်
News Watch
https://www.facebook.com/NewsWatchJournal/
ဦးနေ၀င်းဈာပန လေဆိပ်အသင်းဝင် Taxi ရာနှင့်ချီ ပို့ဆောင်မည်  ဦးနေ၀င်းဈာပန လေဆိပ်အသင်းဝင် Taxi ရာနှင့်ချီ ပို့ဆောင်မည် Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.