(RSO) အဖွဲ့နှင့် ပူးပေါင်းနေသူ (၂)ဦးဖမ်းဆီးရမိ

ဘူးသီးတောင်မြို့နယ်၌ မသင်္ကာဖွယ်ရာ လူ(၂)ဦးဖမ်းဆီးရမိ
 ဇန်န၀ါရီ(၂၂)ရက် ည(၇)နာရီခွဲ အချိန်တွင် မောင်တောမြို့နယ်မှ ဘူးသီးတောင်မြို့နယ်သို့ ဘုရားဖြစ် အောင်ပကျေးရွာ တောင်ကျော်လမ်းအတိုင်း မသင်္ကာဖွယ် လူနှစ်ဦး ၀င်ရောက်လာကြောင်း သတင်းရရှိ သည့်အတွက် ညောင်ချောင်းနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် ဒိုးအောင်ကျော်နှင့်အဖွဲ့က သွားရောက် စစ်ဆေးရာ ဇာမတ်တူဆောင်း(ခ) ဇာဟိုက်တူဆောင်း(ဘ) ဟာဘီအူလ္လာ (၂၆)နှစ် ရှီးဒါးရပ်ကွက် မြင်းလွတ်မြို့၊ မောင်တောမြို့နယ်နှင့် မာမက်ဇူဘိုင် (၂၇)နှစ်(ဘ) ရှော်ဘီရာမန် အောင်ပကျေးရွာ၊ ဘူးသီး တောင်မြို့နယ်(၂) ဦးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

ဇာမတ်တူဆောင်းနှင့် မာမက်ဇူဘိုင်အား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ (၂) ဦးမှာ လူငယ်များအား စည်းရုံးပြီး လူ/လက်နက် စုဆောင်းကာ တိုက်ခိုက်မှုများ ဆောင်ရွက်ရန် လမ်းကြောင်း လာရောက် ကြည့်ရှုသည်ဟု ယူဆရကြောင်းနှင့် တစ်ဖက်နိုင်ငံရှိ (RSO) အဖွဲ့နှင့် ပူးပေါင်းနေသူများဖြစ်သည့်အတွက် ထိရောက်စွာ အရေးယူနိုင်ရေး အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
(RSO) အဖွဲ့နှင့် ပူးပေါင်းနေသူ (၂)ဦးဖမ်းဆီးရမိ  (RSO) အဖွဲ့နှင့် ပူးပေါင်းနေသူ (၂)ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:44 Rating: 5
Powered by Blogger.