နေပြည်တော် ၊ ဇန်န၀ါရီ -၂၀
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ တောင်ငူမြို့နယ် မိုင်တိုင်အမှတ် ၁၄၈/၅ နှင့် ၁၄၈/၆ အကြား၌ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း နေလင်းဦး(ခ) ၀ဏ္ဏ မောင်းနှင်လာသော PORBOX ယာဉ်မှာ ဇန်န၀ါရီလ (၂၀)ရက်နေ့ ယနေ့ နံနက် ၃နာရီခွဲက ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းဘေး ဘာရီယာတုံး များ တိုက်မိ ရပ်တန့်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်း နေလင်းဦးနှင့် ယာဉ်ပေါ်ပါ မမျိုးသန္တာတို့မှ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ သို့ပါ၍ ဒဏ်ရာရရှိသူ နှစ်ဦးအား ဇီးပင်သာ အမြန်လမ်း ရဲတပ်ဖွဲ့ ပိုင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။
ထိုအတူ ယမန်နေ့ည ၈နာရီခွဲက ပဲခူးမြို့နယ် မိုင်တိုင်အမှတ် ၄၀/၆ နှင့် ၄၀/၇ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း တင်မောင်ထွေး မောင်းနှင် လာသော TOYOTA COROLLA အဖြူမော်တော် ယာဉ် မှာ ၀ဲရှေ့ဘီးပေါက်ပြီး အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးမြေ သားပေါ်ရောက် ရှိ တိမ်းမှောက်ခဲ့သည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ် ပါသူများ ထိခိုက်မှုမရှိသော် လည်း ယာဉ်မှာ အနည်းငယ်ပျက်စီးသွားသည်။
သို့ပါ၍ ယာဉ်ကို အဆင်မခြင်ပေါ့ဆစွာ မောင်းနှင်လာသူ ယာဉ်မောင်းများ အား သက် ဆိုင်ရာ အမြန်လမ်းရဲတပ်ဖွဲ့စခန်းများမှ အမှုဖွင့် အရေးယူ ထား ကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်းတွင် PROBOX ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းဘေးဘာရီယာ တုံးတိုက်
Reviewed by THITHTOOLWIN
on
16:43
Rating:
