ဇန်နဝါရီ ၁၉ ရက် ၂၀၁၇
တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် တပ်မတော် RCSS/SSA ၏ လွိုင်လင်ခရိုင် မိုင်းပွန်မြို့ အရှေ့ဘက်တွင် နားခိုနေသည့် စစ်ကြောင်းတခုအား အစိုးရ တပ်မတော် စစ်ကြောင်းက သွားရောက်တိုက်ခိုက်ရာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲ ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင်၏ ညီဖြစ်သူ ဗိုလ်မှူးမုနိ ဦးဆောင်သည့် လက်အောက် ခံ စစ်ကြောင်း တခုသည် မိုင်းပွန်မြို့ အရှေ့ ဘက် ပျဉ်းဇိုင်ကျေးရွာအုပ်စု နောင်လေးရွာအနီး (ဟွေ့နမ့် မယ်လို့ တောင် ကြော ကောင်းဆိုင်းတပ်စခန်း၏တောင်ဘက် ) တွင် နားခိုနေစဉ် ဆီဆိုင်မြို့အခြေစိုက် အစိုးရတပ်မတော် ခမရ ၄၂၉ လက်ေ အာက် ခံ စစ်ကြောင်း က ဇန်နဝါရီလ ၁၉ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် သွား ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
“အဲဒီဒေသက အပစ်မရပ်ခင်ကတည်း ဗိုလ်မုနိ လှုပ်ရှားနေတာလေ။ အရင်က တည်းက ပအိုဝ်း ပြည်သူ့စစ်နဲ့ လဲ မကြာခဏတိုက်ပွဲ ဖြစ်ပွား တဲ့တော င်ကြောပေါ့” - ဟု လွိုင်လင်မြို့နယ် အတွင်းနေ ကျေးရွာအုပ်ချုပ် ရေးမှူး တဦးက ပြောသည်။
တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိသည်ဟုကြားသိရသော်လည်း သီးခြားအတည်ပြုချက်မရ ခဲ့ပေ။
ယခုပစ်ခတ်တိုက်ခိုက်မှုသည် ယုံကြည်မှုကို ပျက်ပြားစေေ ကြာင်း၊ မြန်မာ့ နိုင်ငံရေးနယ်ပယ်တွင် တပ်မတော် အခန်းကဏ္ဍတ မြင့်တင်လိုမှုကြောင့် တိုက်ပွဲဆင်နွဲရခြင်းဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲဆင်နွဲနေပါက တည်ဆောက်နေသည့်ငြိမ်းချမ်းရေးထိခိုက်စေနိုင်ကြောင်း RCSS/SSA ပြော ခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။
“စစ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ဂျေအဲမ်စီ ပြည်ထောင်စု အဆင့် ပြည် နယ်အဆင့် အပြင် ဒေသ အလိုက် အထိ ဖွဲ့စည်းနိုင်ဖို့ အပစ်ရပ် တည်တံ့ရေး အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကျနော်တို့ နှစ်ဘက်လူကြီးတွေ ဝိုင်းဖြေရှင်းနိုင်ဖို့ ဖြစ်တယ်။ လုပ်လဲလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အခုလိုမျိုး တိုက်ပွဲမကြာခဏဆင်နွဲနေရင် ယုံကြည်မှုတစ တစ ပျက်ပြားလာမယ်။ ယုံကြည်မှုပျက်ပြားလာရင် လုံးဝ ယုံကြည်မှုမရှိတော့ပဲ ငြိမ်းချမ်းရေးလဲ လုံးလုံးပျက်သွားတဲ့ အဆင့် ဖြစ်သွားနိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက အစိုးရတပ် မတော် စစ်ကြောင်း နယ်မြေ ရှင်းလင်းရေးလုပ်စဉ် ထိပ်တိုက်ရင်ဆိုင်သည့် တိုက်ပွဲသာဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
၂၀၁၅ နှစ်နှောင်းပိုင်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးချိန်မှစပြီး သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ ၂၀၁၆ အောက်တိုဘာလ ဆန်းက မိုင်းကိုင်မြို့နယ် တုံလောဝ်ကျေးရွာအုပ်စုအတွင်း ၃ ရက်ကြာ အထိ ဖြစ်ပွားခဲ့ပါသေးသည်။
သျှမ်းသံတော်ဆင့် ၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
NCA အပစ်ရပ်ထားသည့် RCSS/SSA ၏ တောတွင်းယာယီစခန်းအား အစိုးရတပ်မတော်တိုက်ခိုက်
Reviewed by THITHTOOLWIN
on
22:27
Rating:
