နိုင်ငံခြားသဘောင်္များ ငါဖမ်းခြင်းကို ခွင့်မပြုသောကြောင့် KNU ၏ တောင်းဆိုထားမှု မဖြစ်နိုင်


နိုင်ငံခြား ငါးဖမ်းသဘောင်္တွေကို အသုံးပြုပြီး ၀ိုင်းချုပ်ငါးဖမ်းပိုက်နဲ့ ငါးဖမ်းခွင့်ပြုဖို့ ကရင်ပြည်နယ်ရှိ(KNU) ကရင်အမျိုးသား အစည်းအရုံး အဖွဲ့ရဲ့ တင်ပြတောင်းဆို ထားမှုအပေါ် ခွင့်ပြုပေးဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။

ပညာရှင်တွေက ငါးမဖမ်းရရာသီနဲ့ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ကတည်းက နိုင်ငံခြား ငါးဖမ်းသင်္ဘောတွေကို အသုံးမပြုဖို့ ကန့်သတ်ထားပြီး မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတ အခြေအနေအရ ၀ိုင်းချုပ်ပိုက် အသုံးပြုဖမ်းဆီးဖို့ KNUရဲ့တောင်းဆိုမှုအပေါ် လက်မခံနိုင်ဘူးလို့ ဒေါ်တိုးနန္ဒာတင်ကပြောပါတယ်။

လက်ရှိ မြန်မာ့ ပင်လယ်ပြင်အတွင်းရှိ ရေပေါ်ငါးကျန်ရှိမှု အခြေအနေဟာ (၁၀)ရာနှုန်းလောက်သာ ရှိတော့ တာကြောင့် ငါးသယံဇာတ အတွက် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေပြီး ဒရွတ်ဆွဲပိုက်၊ ၀ိုင်းချုပ်ပိုက်တွေနဲ့ ငါးဖမ်းဆီးခွင့်ပြုဖို့ အခက်အခဲရှိတယ်လို့လည်း ဒေါ်တိုးနန္ဒာတင်ကပြောကြားခဲ့ပါတယ်။

 KNU အဖွဲ့အနေနဲ့ ကရင်ပြည်နယ်ရှိ ပင်လယ်ပြင်မှာ ၀ိုင်းချုပ်ငါးဖမ်းပိုက်နဲ့ နိုင်ငံခြား ငါးဖမ်းသဘောင်္တွေ အသုံးပြု ငါးဖမ်းဆီးခွင့်ပြုဖို့ သဘောထား မှတ်ချက်တောင်းဆို လာမှု အပေါ် ဇန်န၀ါရီ (၆)ရက်က KNU အဖွဲ့နဲ့ ငါးလုပ်ငန်း ပညာရှင်အဖွဲ့တွေ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က သိရပါတယ်။

 KNU အဖွဲ့အနေနဲ့ ငါးဖမ်းဆီးခွင့် အတွက်တောင်းဆိုလာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဇန်န၀ါရီ(၁၀)ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာလည်း ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပညာရှင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ခွင့်ပြုမထားတဲ့ ပစ္စည်းတွေ အသုံးပြုဖို့ တောင်းဆိုလာပေမယ့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ KNU အဖွဲ့အနေနဲ့ ဘဏ္ဍာငွေရရှိရေး အတွက် လုပ်ကိုင်ဖို့တောင်းဆို လာမှု အပေါ် တစ်စုံတစ်ရာ အကြောင်းပြန်တာမျိုး မပြုလုပ်ရသေးဘဲ အထက်က ဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်ချုပ် ဦးဟန်ထွန်းကပြောပါတယ်။

 လက်ရှိအနေအထား အရ KNU အဖွဲ့ရဲ့တောင်းဆိုမှုအပေါ် မြန်မာနိုင်ငံ ရေလုပ်ငန်း သယံဇာတပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေလုပ်ငန်းကဏ္ဍ အစဉ်မပြတ် တည်ရှိရေး အတွက် တာဝန်ယူဆောင်ရွက်ကြဖို့၊ သဘောင်္ပေါ်မှာ မြန်မာလုပ်သားတွေ ပါဝင်မှုမြှင့်တင်ဖို့၊ ဒေသခံတွေကို မထိခိုက်တဲ့ ငါးဖမ်းနည်းတွေကို အသုံးပြုဖို့၊ သတ်မှတ်ထားတဲ့ စည်းကမ်းပျက်ကွက်မှုကြောင့် ထုတ်ပယ်ထားတဲ့ သင်္ဘောတွေ မပါ ၀င်ဖို့ စတဲ့ အကြံပြု ချက်(၁၁)ချက်ကို ပြန်လည်အကြံပြုထားတယ်လို့ မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်ကသိရပါတယ်။ ဒီသတင်းကို Central News Bureauက စန်းသီရိခင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
နိုင်ငံခြားသဘောင်္များ ငါဖမ်းခြင်းကို ခွင့်မပြုသောကြောင့် KNU ၏ တောင်းဆိုထားမှု မဖြစ်နိုင်  နိုင်ငံခြားသဘောင်္များ ငါဖမ်းခြင်းကို ခွင့်မပြုသောကြောင့် KNU ၏ တောင်းဆိုထားမှု မဖြစ်နိုင် Reviewed by THITHTOOLWIN on 04:31 Rating: 5
Powered by Blogger.