KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူတစ်ဦး ဖမ်းဆီးရမိ


နေပြည်တော် ဇန်န၀ါရီ ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ဇန်န၀ါရီ ၂၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA တပ်ရင်း(၂၆)မှ ဒုတိယတိုက်နယ်မှူးအဆင့်ရှိ နော်ခွန်း(ဘ) ဦးလနန်လ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့်နယ်မြေခံစစ်ကြောင်းမှ တပ်မတော်သားများနှင့် တာဝန်သိ ပြည်သူများက မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပူးပေါင်းဖမ်းဆီးခဲ့ရာ မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရ မိခဲ့သည်။

စစ်ဆေးမေးမြန်းမှုများအရ ၎င်းသည် KIA လော့ခွန်တိုက်နယ်မှဒုတိယတိုက်နယ်မှူး အဆင့်ရှိသူဖြစ်ကြောင်းနှင့် မိုင်းနောင်ကျေးရွာ၊စုစည်းရပ်ကွက်ရှိ ခေါင်ဇယ်၏နေအိမ်၌ အခြေပြုလှုပ်ရှားနေကြောင်းသိရှိရသဖြင့် ညနေ ၃ နာရီခန့်တွင် နယ်မြေခံတပ်မတော်စစ်ကြောင်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ခေါင်ဇယ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်ရှိ နော်ခွန်းနေထိုင်သည့် အိပ်ခန်းအတွင်းမှ Drone တစ်စင်းနှင့် လက်တော့ပ်ကွန်ပျူတာတစ်လုံး(မကောင်း)တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူတစ်ဦး ဖမ်းဆီးရမိ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဒုတိယတိုက်နယ်မှူး အဆင့်ရှိသူတစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.