တပ်မတော်စစ်ကြောင်းနှင့် KIA ထိတွေ့ တိုက်ပွဲဖြစ်ပွား

နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် KIA အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား
နေပြည်တော်၊ ဇန်န၀ါရီ- ၂၂

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မူဆယ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား ဇန်န၀ါရီလ (၂၂)ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများ က မော်တောင်းကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူသည် အနောက်တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ဖြစ်စဉ်တွင် စစ်သည်တစ်ချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရန်သူ့ဘက်မှ KIA တပ်ရင်း ၃၆ လည်စည်းပါ ယူနီဖောင်းဝတ် ရန်သူ့အလောင်း ၁ လောင်း၊ အမ်- ၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၄ ခုနှင့် ၎င်းကျည် ၂၀၀ တောင့်၊ အာပီဂျီဒုံးသီး ၅ လုံး၊ အာပီဂျီပို့ကျည် ၁ တောင့်၊ ဗုံးသီး ၁ လုံး၊ KIA ဘက်တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ KIA တပ်ရင်း ၃၆ တံဆိပ်ပါလည်စည်း ၄ ခု၊ KIA ဘက်တံဆိပ် ၁ စုံ၊ KIA အဆင့်တံဆိပ် ၁ စုံနှင့် KIA ရှာထိုးဦးထုပ် ၁ လုံးတို့ကို ရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
တပ်မတော်စစ်ကြောင်းနှင့် KIA ထိတွေ့ တိုက်ပွဲဖြစ်ပွား  တပ်မတော်စစ်ကြောင်းနှင့် KIA ထိတွေ့ တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.