အချိုးအစားမကျသော ဗိုလ်ချုပ်ရုပ်ထု နှင့် facebook ပေါ်မှ ရိုက်ခတ်သံ


၃၀.၁.၂၀၁၇

ရွှေဘိုခရိုင်၊ ဆင်အင်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းဘေးရှိ ဘောလုံးကွင်းအတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အား ဂုဏ်ပြုနိုင်ရန်အတွက် ရုပ်တုထုလုပ်ထားခြင်း ဖြစ်ကြောင်းသိရပါတယ်။

တမင်တကာ ရည်ရွယ်လို့လုပ်တာမဟုတ်သလို ပန်းပုဆရာ (ပန်းရံဆရာ) ၏ အားနည်းချက်ဖြစ်သောကြောင့် အချိုးအစားမကျသော ဗိုလ်ချုပ်ရုပ်ထုအား ပြန်လည်ဖျက်ဖို့ ဒေသခံ ပြည်သူတွေက တောင်းဆိုမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

ဇန်န၀ါရီလ (၃၀) ရက်နေ့ ဒီနေ့ မှာတော့ အဆိုပါ အချိုးအစား မကျသော ဗိုလ်ချုပ်ရုပ်ထုအား ပြန်လည်ဖျက်ကာ ရန်ကုန်မှ ပညာရှင်အကူအညီဖြင့် အသစ်ပြန်လည် ဆောက်လုပ်သွားမည်ဟုသိရတယ်။

ဓါတ်ပုံ - facebook
by သစ်ထူးလွင်


အချိုးအစားမကျသော ဗိုလ်ချုပ်ရုပ်ထု နှင့် facebook ပေါ်မှ ရိုက်ခတ်သံ  အချိုးအစားမကျသော ဗိုလ်ချုပ်ရုပ်ထု နှင့် facebook ပေါ်မှ ရိုက်ခတ်သံ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.