မုံရွာ ဇန်နဝါရီ ၁၉
တမူး ရန်ကုန်ပြေးဆွဲသော တင့်တိုင်းအောင်ကား အသင်းမှ Express တစ်စီးအား ဇန်နဝါရီလ ၁၉ရက်နေ့ က ချင်းတွင်း တံတားတွင် သတင်းအရ ရဲတပ်ဖွဲ့မှ စစ်ဆေးရာ ဘိန်းစိမ်းနှင့် မူးယစ်ဆေးပြားများ ဖမ်းမိခဲ့သည်ဟု မုံရွာမြို့မြို့မရဲစခန်းမှ သိရသည်။
"ကားတစ်စီးလုံး လိုက်ရှာတာတော်တော်နဲ့မတွေ့ဘူး နောက်မှ ယာဉ်မောင်းထိုင်ခုံနောက်မှာ ဖွက်ထားတဲ့ဘေး လွယ်အိတ်ထဲကမိတာ မူးယစ်ဆေးဝါးတွေက အိမ်သုံးဆေး တွေလည်း ဂျပ်ဖာအများကြီး သယ်လာတယ်" ဟုဖမ်းဆီးမှု တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယာဉ်ပေါ်တွင် ယာဉ်ပိုင်ရှင်ကိုယ်တိုင် လိုက်ပါလာပြီး ၄င်းအပါအဝင် ယာဉ်မောင်း ယာဉ်နောက်လိုက် တို့အား မူးယစ်ဆေးဝါးလက်ဝယ်ထားရှိ သယ်ဆောင်မှုဖြင့် အမှုဖွင့် ထိန်းသိမ်းထားသည်ဟုသိရသည်။
ဘေးလွယ်အိတ်အတွင်းမှ ဘိန်းစိမ်း ၁၆ ဒသမ ၆ ဂရမ်နှင့် ဆေးပြား ၁၆၆ပြား ရဲတပ်ဖွဲ့ မှသိမ်းဆည်းရမိခဲ့သည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်ခဲ့သည့်အပြင် ယာဉ်ပေါ်တွင် အိမ်သုံး အိန္ဒိယဆေးဝါး ဂျပ်ဖာ ၅၀ကျော်ကို လည်း အထောက်အထား မပြနိုင်ဘဲ သယ်ဆောင်လာခဲ့သည် ဟု မုံရွာမြို့မစခန်းမှူးကဆိုသည်။
ဖမ်းဆီးထားသူများကို အိမ်သုံးဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့်လည်း ထပ်မံအမှုဖွင့်သွားမည်ဟု ၄င်းကဆက်ပြော သည်။
Monywa Gazette
https://www.facebook.com/monywagazette/
တမူးမှလာသော Express ကားပေါ်မှ ဘိန်းစိမ်း နှင့် မူးယစ် ဆေးပြားများ ချင်းတွင်းတံတားတွင်မိ
Reviewed by THITHTOOLWIN
on
19:48
Rating:
