ရန်ကုန် မန္တလေး အမြန်လမ်းတွင် CANTER ကား နှင့် လယ်ထွန်စက် တိုက်မိပြီး ယာဉ်မောင်း နှစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်း ထံက သိရသည်။
ဇန်နဝါရီလ ၁၉ရက်နေ့ ည ၆နာရီ ၄၀မိနစ်အချိန်က အုတ်တွင်းမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁/၇ နှင့် ၁၄၂/၀ အကြား၌ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဖြိုးမင်းကျော် တစ်ဦးတည်းမောင်းနှင်လာသော ယာဉ်အမှတ် 7I/8519 CANTER ဘောက် အဖြူရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့ကွန်ကရစ်လမ်းစပ်မှ ယာဉ်မောင်း ခင်မောင်မျိုး တစ်ဦးတည်း မောင်းနှင်လာသော လယ်ယာသုံး ထွန်စက် အနီရောင်၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် လယ်ယာသုံး ထွန်စက်မောင်း ခင်မောင်းမျိုး၌ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ယာချိုစောင်းပေါက်ပြဲ နှာခေါင်းသွေးထွက် ဝဲဒူးပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ပြီး အတွင်းလူနာ အသက်အန္တရာယ် စိုးရိမ်စရာ ဖြစ်းပွားခဲ့ကာ CANTER ယာဉ်မောင်း ဖြိုးမင်းကျော်၌ ယာခြေဖမိုးပေါက်ပြဲ နဖူးပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး အတွင်းလူနာ မစိုးရိမ်ရ အခြေအနေများ ဖြစ်ပွားခဲ့ပြီး အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် CANTER ဘောက်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ ယာဘက်ရှေ့မီးကွဲ ရှေ့ဝင်ရိုးတန်းပွင့် ရှေ့ခေါင်းယာဘက်ပိုင်းကြေမွ ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် ၁၀သိန်းခန့် ဆုံးရှုါံ်ခဲ့ရကာ လယ်ယာသုံးထွန်စက် မှာလည်း နောက်ဝင်ရိုးကျိုး ဝဲဘက်နောက်ဘီးပြုတ် အမိုးကိုင်းကျိုး ပျက်စီးမှုများဖြစ်ပွားခဲ့ကာ တန်ဖိုးငွေကျပ် ၅သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ယာဉ်တိုက်မှုသတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ် ရဲစိုး ပါ တပ်ဖွဲ့ဝင် ၁၀ဦး မီးသတ်တပ်ဖွဲ့ အမြန်လမ်းမှ လက်ထောက်ဦးစီးမှူး ပြည့်ဖြိုးအောင် ပါ ၆ဦး အမြန်လမ်းအရေးပေါ်ကျန်းမာရေးစောင့်ရှောင့်မှုအဖွဲ့မှ ဦးကျော်တင့် ပါ ၃ဦး တို့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးကူညီပေးခဲ့သည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ယာဉ်မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း နှစ်ဦးအား ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်း ယာဉ် ပ ၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
အမြန်လမ်းတွင် CANTER ကား နှင့် လယ်ထွန်စက်တိုက်မိပြီး ယာဉ်မောင်းနှစ်ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
16:58
Rating:
