တောင်ငူမြို့တွင် သက်တော် ၈၆ နှစ်ရှိသည့် ဆရာတော်အား အနုကြမ်းစီး လုယက်ထွက်ပြေးသွားသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိ


ဇန်န၀ါရီ ၂၁ ရက်နေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က တောင်ငူမြို့ ၆ ရပ်ကွက် မြတောင်ကျောင်းတိုက်မှ သက်တော် ၈၆ နှစ်ရှိသည့် ဆရာတော်တစ်ပါးထဲရှိနေ စဉ်လူငယ်နှစ်ဦးမှ အနုကြမ်းစီး လုယက်ထွက်ပြေးမှုဖြစ် ပွားခဲ့သည်။

အဆိုပါအမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူလူငယ်နှစ်ဦးဖြစ် သည့်မောင်လမင်းထွန်း(ခ)မင်းမင်း(ဘ)ဦးမောင်လတ်၊ မိချောင်းခေါင်းကျေးရွာ၊ ထန်းတပင်မြို့နေသူအား ကရင်ပြည်နယ်မြ၀တီမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး၊ ၄င်းနှင့် အတူပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကျော်ရှင်းမောင်၊ ၁၇ နှစ်ခန့်၊အဝေးသင်တက္ကသိုလ် (သမိုင်း) ဗိုလ်တဲရပ်၊ ကညွတ်ကွင်းမြို့နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ရာ အခင်းဖြစ်ပြီး ၄ ရက်မြောက်နေ့တွင် အနုကြမ်းစီး လုယက်ခဲ့သူ လူငယ်နှစ်ဦးလုံးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


တောင်ငူမြို့အမှတ် ၂ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက မြ၀တီတွင် ဖမ်းဆီးရမိသည့်မောင်လမင်းထွန်း(ခ)မင်းမင်းနှင့် ကညွတ်ကွင်းမြို့တွင် ဖမ်းဆီးရမိခဲ့သည့် ကျော်ရှင်းမောင်တို့ နှစ်ဦးလုံးအား ဇန်န၀ါရီ ၂၄ ရက်နေ့တွင် သွားရောက် လွှဲပြောင်း ဖမ်းဆီးခေါ်ဆောင်နေပြီ ဖြစ် ကြောင်းသိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)
၂၄.၁.၂၀၁၇
အောင် အောင် ခိုင် (facebook)
https://www.facebook.com/tgotharw
တောင်ငူမြို့တွင် သက်တော် ၈၆ နှစ်ရှိသည့် ဆရာတော်အား အနုကြမ်းစီး လုယက်ထွက်ပြေးသွားသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိ  တောင်ငူမြို့တွင် သက်တော် ၈၆ နှစ်ရှိသည့် ဆရာတော်အား အနုကြမ်းစီး လုယက်ထွက်ပြေးသွားသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 04:13 Rating: 5
Powered by Blogger.