TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အရပ်ယာဉ်များအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ဒေသခံပြည်သူ ၁ ဦးသေဆုံး၊ ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး ဒဏ်ရာရရှိ |
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မန်တုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့သို့ သွားရောက်ရန်အတွက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ၀န်ထမ်းများနှင့်အတူ ဇန်န၀ါရီလ (၂၀)ရက်နေ့ ယနေ့နံနက် ၈ နာရီတွင် မန်တုံမြို့မှ အရပ်ယာဉ်များဖြင့် ထွက်ခွာလာရာ နံနက် ၉ နာရီခွဲခန့်တွင် ကြူပန်းကျေးရွာ အနီးသို့အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရီမုမိုင်း ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် ၂ စီးမှာ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ဒေသခံပြည်သူ ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
ဒဏ်ရာရလူနာများအား တပ်မတော်စစ်ကြောင်းက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး အဆိုပါနေရာတစ်ဝိုက်အား နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ရီမုမိုင်း ၇လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် (၁)ဦးသေ၊ ၇ဦး ဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
17:24
Rating: