ပွင့်ဖြူမြို့ နယ်မှာ လေးကောင်ဂျင်ဝိုင်းအား ဖမ်းဆီးပြီး ယာဉ်မျိုးစုံ အစီး တစ်ရာကျော်နှင့် လောင်းကြေးငွေ အမြောက်အများ သိမ်းဆည်း
တရားမ၀င် လောင်းကစားဝိုင်းများ ဖမ်းဆီးရမိ
ပွင့်ဖြူ ဇန်န၀ါရီ ၃၀
မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာအနီး ယာခင်းအတွင်းရှိ သစ်ပင်များအောက်တွင် လူအုပ်စုဖွဲ့၍ တရားမ၀င်လောင်းကစားဝိုင်များ ပြုလုပ်နေမှုကို ဇန်န၀ါရီလ (၂၉)ရက်နေ့၊မွန်လွဲ(၂)နာရီက ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၂၉)ရက်၊မွန်လွဲ(၂)နာရီက မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မင်းဘူးခရိုင်/ပွင့်ဖြူမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ၊ ဦးဝင်းဦး၏ ယာတဲအနီးယာခင်းအတွင်းရှိ သစ်ပင်များအောက်တွင် ကျောင်းကုန်းကြီးကျေးရွာနေ ကျော်လင်းခိုင်မှ လူအုပ်စုဖွဲ့၍ တရားမ၀င် လောင်းကစားဝိုင်းများပြုလုပ်နေ ကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ချောက်မြို့နယ်၊သံဘိုအုပ်စု၊ကန်ရေလေးကျေးရွာနေ အောင်မိုး(လေးကောင်ဂျင်လှည့်သူ)အား လေးကောင်ဂျင်သီး လောင်းကစားပြုလုပ်သည့် ပစ္စည်းကိရိယာများ နှင့်အတူ လောင်းကစားပြုလုပ်သူ (၂၄)ဦးတို့အား လောင်းကစားပြုလုပ်သည့်ပစ္စည်းကိရိယာများ၊လောင်းကစား မှုနှင့်ဆက်စပ်၍ သက်သေခံပစ္စည်းများ၊ YGN 4F/ 3574 နံပါတ်တပ်ဆင်ထားသော HONDA ODYSSEY အပြာရင့်ရောင် မော်တော်ယာဉ်(၁)စီး၊မော်တော်ဆိုင်ကယ်မျိုးစုံ (၁၀၂)စီး၊စက်ဘီး(၁)စီး၊ သက်သေခံပစ္စည်း ခန့်မှန်းတန်းဘိုး ငွေ(၃၀၄၂၂၇၀၀)ကျပ် အပါအ၀င်နှင့် လောင်းကြေးငွေစုစုပေါင်း (၃၀၂၇၀၀)ကျပ်၊စုစုပေါင်း တန်းဘိုးငွေ (၃၀၇၂၂၇၀၀)ကျပ် တို့အား အမှုဖြင့် သိမ်းဆည်းရမိခဲ့သည်။
 ပွင့်ဖြူမြို့မရဲစခန်း (ပ) ၉၄/၂၀၁၇၊ (ပ)၉၅/၂၀၁၇၊ (ပ)၉၆/၂၀၁၇၊ (ပ)၉၇/၂၀၁၇ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့် အရေးယူ ထားရှိကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Powered by Blogger.