အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သော တမူးမြို့ပုံ။ photo: google map |
နယ်စပ်ဖြတ်ကျော် မှုခင်းတွေကို တားဆီးနိုင်ဖို့နဲ့ နယ်စပ်လုံခြုံရေးအတွက် အခုလိုအမိန့်ထုတ်လိုက်လို့ တမူးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ည ၆ နာရီကနေ မနက်၆ နာရီအတွင်း နယ်စပ်ဖြတ်သန်းသူတွေဟာ မှောင်ခိုလုပ်ကိုင်သူတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေသာ ဖြစ်ပြီး နှစ်နိုင်ငံ သဘော တူညီချက်မှာလည်း ည ၆နာရီကနေ မနက် ၆နာရီအထိ ကူးသန်းသွားလာခွင့်မရှိကြောင်း ပါရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
တမူးမြို့ဟာ အိန္ဒိယ - မြန်မာနယ်စပ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
တမူးနယ်စပ်မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်
Reviewed by THITHTOOLWIN
on
20:35
Rating: