အမြန်လမ်း ကားမီးလောင်ပြီး လူ(၈)ဦးသေဆုံးတဲ့ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်သူက အခင်းဖြစ်ပွားစဉ် ယာဉ်ကိုမောင်းနှင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်
အမြန်လမ်းပေါ်က ကားမီးလောင်ပြီးလူ(၈)ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ အသက်ရှင် ကျန်ရစ်သူအမျိုးသားက အခင်းဖြစ်ပွားစဉ် ယာဉ်ကိုမောင်းနှင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ကနဦးစစ်ဆေးမှုမှာ အသက်ရှင်ကျန်ခဲ့သူ အမျိုးသားက ယာဉ်ကို မီးလောင်ရာမှာ သေဆုံးသွားသူ တစ်ဦး မောင်းနှင်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး ရဲစခန်းက ဆက်လက်စစ်ဆေးရာမှာတော့ ကိုယ်တိုင်မောင်းနှင်ခဲ့ကြောင်း ၀န်ခံထွက်ဆို ခဲ့တာဖြစ်ပါတယ်။
လက်ရှိအသက်ရှင်ကျန်ရစ်သူ အမျိုးသားကို ပုဒ်မ(၃)ခုနဲ့အမှုဖွင့် အရေးယူထားတယ်လို့ (၁၁)မိုင်အမြန်လမ်း ရဲစခန်း၊ စခန်းမှူး၊ ရဲအုပ်အောင်သိန်းဦးက ပြောပါတယ်။ အခုလ(၂၂)ရက် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ပုဂံဘုရားဖူးပြန်လာတဲ့ အန်စာတုံးယာဉ်တစ်စီး လမ်းဘယ်ဘက်ခြမ်းနဲ့တိုက်မိ မီးလောင်ကာ လူ(၈)ဦးသေဆုံးခဲ့ပြီး တစ်ဦးအသက်ရှင်ကျန်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်အပြီးမှာတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တချို့က ဒီကားမီးလောင်မှုဟာ သမရိုးကျဖြစ်ပွားခဲ့တာဟုတ်မဟုတ် သံသယရှိနေကြတာဖြစ်ပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
အမြန်လမ်း ကားမီးလောင်ပြီး လူ(၈)ဦးသေဆုံးတဲ့ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်သူက အခင်းဖြစ်ပွားစဉ် ယာဉ်ကိုမောင်းနှင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်
Reviewed by THITHTOOLWIN
on
18:37
Rating:
