ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားရာမှ လူ(၅)ဦးသေဆုံး


ရန်ကုန် ဇန်နဝါရီ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၈)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့် စည်ပင်လမ်း ထောင့်ရှိ ဦးဖေဟန်ပိုင်ဆိုင်သော အကွီစားသောက်ဆိုင်မှ ယနေ့နံနက် (၄း၃၅)အချိန်ခန့်တွင် မီးလောင်မှုစ တင်ဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှုဖြစ်စဉ်အနေဖြင့် စားသောက်ဆိုင်အတွင်းရှိ မီးကျွင်းမီးကျန်မှတစ်ဆင့် ဂတ်စ်အိုးမှ စိမ့်ထွက်နေသည့် ဂတ်စ်များနှင့်ထိတွေ့ပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပါသည်။


မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မိတ်ဖက် ယာဉ်(၃)စီး တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၀၅း၀၅)မိနစ်အချိန်ခန့်တွင်မီးငြိမ်းသွားခဲ့ပါသည်။

 အခင်းဖြစ်ပွားရာနေရာတွင် မောင်တုံတုံ (၂၇)နှစ် အဘဦးဖေဟန်မှာ သေဆုံးလျက်ရှိပြီး မီးငြိမ်းသတ်ပြီးရာမှ စားသောက်ဆိုင်နှင့် အဆောက် အဦးအတွင်း ထပ်မံရှင်းလင်းရာတွင် နေအိမ်အောက်ထပ်ရေကန်အတွင်းတွင် အလုပ်သမားများဖြစ်ကြသည့် မောင်ကောင်းထက်စံ (၁၃)နှစ်(၁၈)ရပ်ကွက် ဒဂုံ(တောင်)၊ မောင်နေလင်းဦး(၁၇)နှစ်တွံတေးမြို့၊ မောင်မင်းမင်း (၁၉)နှစ်(၂၀)ရပ်ကွက် ဒဂုံ(တောင်)၊ မောင်ဝိုင်းတုံချစ်(၁၂)နှစ် တွံတေးမြို့တို့(၄)ဦးအား ရေကန်အတွင်း သေဆုံး နေကြောင်း ထပ်မံတွေ့ရှိ ရပါသဖြင့် နာရေးကူညီမှုယာဉ်များဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါ ကြောင်းနှင့် အဆိုပါမီးလောင် မှုကြောင့် လူ(၅)ဦးသေဆုံး၍ မောင်လွင်ဖြိုးဝေအား အတွင်းလူနာအဖြစ်ပို့ ဆောင်ထားရပြီး အဆောက်အဦးနှင့် ပစ္စည်းများဆုံးရှုံးခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးဖေဟန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မီးသတ်ဥပဒေပုဒ်မ(၂၈၅/၃၀၄-က(ပ/၇၈/၁၇)ဖြင့် အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း သတင်းပေးပို့ပါသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားရာမှ လူ(၅)ဦးသေဆုံး  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားရာမှ လူ(၅)ဦးသေဆုံး Reviewed by THITHTOOLWIN on 14:09 Rating: 5
Powered by Blogger.