ပျောက်ဆုံးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ရွှံအိုင်ထဲတွင် သေဆုံးလျက်တွေ့ရှိ


ဇန်နဝါရီ ၂၈၊ ၂၀၁၇

မောင်တောမြို့နယ် ငန်းချောင်းရဲကင်းစခန်း၌ လူပျောက်တိုင်ကြားထားသော ကြက်ရိုးပြင်ကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဇော်ကီမူဟာမတ် ၃၃ နှစ် အား ရွှံ့နွံအိုင်ထဲ၌ မှောက်လျက်သေဆုံးနေကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၁ နာရီတွင် ပျောက်ဆုံးနေသော ကြက်ရိုးပြင်ကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဇော်ကီမူဟာမတ်အား ၎င်း၏ အစ်ကိုဖြစ်သူ ဒီမာမတ်မှ လိုက်လံရှာဖွေခဲ့ရာ ပြောင်ပိုက်ကျေးရွာ အနောက်တောင်ဘက်ရှိ ရွှံနွံအိုင်ထဲ၌ နစ်မြုပ်၍ မှောက်လျက်သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ငန်းချောင်းရဲကင်းစခန်းသို့ လာရောက်သတင်းပို့လာသောကြောင့် သွားရောက် စိစစ်ခဲ့ကြသည်။

အလောင်းအား စစ်ဆေးရာ ယာပါးပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ယာနံဘေး ထိုးသွင်းဒဏ်ရာ ၂ ချက်၊ လည်ပင်းလှီးပြတ်ဒဏ်ရာ ၂ ချက်၊ ယာဒူးပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ၁ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။
သေဆုံးသူ၏အလောင်းအား မောင်တောဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်းသိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ပျောက်ဆုံးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ရွှံအိုင်ထဲတွင် သေဆုံးလျက်တွေ့ရှိ ပျောက်ဆုံးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ရွှံအိုင်ထဲတွင် သေဆုံးလျက်တွေ့ရှိ Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.