ယိုးတရုတ်တိုက်နယ်ဆေးရုံလူနာတင်ကား လမ်းဘေးလျှော်ကျပြီး လူ ၃ ဦးဒဏ်ရာရ


ဇန်နဝါရီ ၃၁ / DMG

ယနေ့(ဇန်နဝါရီလ ၃၁ ရက်နေ့)၊ နေ့လည်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်တိုက်နယ်ဆေးရုံ လူနာတင်ကားသည် ယိုးတရုတ်မှ ပုဏ္ဏားကျွန်းမြို့သို့သွားရာ၌ ကြံခင်းကျေးရွာအနီးတွင် လမ်းဘေးလျှော်ကျပြီး ကားတွင် ပါလာသည့် လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

“ ယိုးတရုတ်တိုက်နယ်ဆေးရုံနဲ့ ပတ်သတ်ပြီး အမှုတစ်ခုရှိနေပါတယ်။ ဒါကြောင့် ဆေးရုံကော်မတီတွေဟာ လူနာတင်ကားနဲ့ ပုဏ္ဏားကျွန်းကို သွားပါတယ်။ ကြံခင်းရွာအနီးမှာ ကားလမ်းဘေးလျှော်ကျသွားပါတယ်။ လူ ၃ ဦး ထိခိုက်ဒဏ်ရရှိသွားပါတယ်။ ဦးဘထွန်းဆိုတဲ့ သူကတော့ သိပ်စိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို ပို့ဖို့စီစဉ်နေပါတယ် ” ဟု နေ့လည် ၁၂ နာရီအချိန်က ယိုးတရုတ်အ.ထ.က မှ ကျောင်းဆရာ ဦးမောင်ထွန်းက ပြောသည်။

ဒဏ်ရာရရှိခဲ့သူ ၃ ဦးအနက် ဦးဘထွန်းဆိုသူမှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် စစ်တွေဆေးရုံးသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ဓာတ်ပုံ - ဝင်းသိန်း
Development Media Group
https://www.facebook.com/dmgnewsagency
ယိုးတရုတ်တိုက်နယ်ဆေးရုံလူနာတင်ကား လမ်းဘေးလျှော်ကျပြီး လူ ၃ ဦးဒဏ်ရာရ ယိုးတရုတ်တိုက်နယ်ဆေးရုံလူနာတင်ကား လမ်းဘေးလျှော်ကျပြီး လူ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 13:09 Rating: 5
Powered by Blogger.