![]() |
ပြည်ကြီးမဏ္ဍိုင်မြို့ တောင်ငယ်ကျေးရွာတွင်ကလေးငယ် များ အစာအဆိပ်သင့်မှုဖြစ် |
တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာအုပ်စု တောင်ငယ်ကျေးရွာ၌ (၂၂-၁-၂၀၁၇)ရက်နေ့ ညနေ(၁၇း၀၀)နာရီ အချိန်ခန့်၌ ခလေးငယ်တစ်ချို့ ကြက်ဆူသီးများ ခူးယူစားသုံးရာမှ အဆိပ်သင့်မှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ(၅)နာရီအချိန်ခန့်၌ ကလေးငယ်များ ကစားကြရာမှ ရွာအဝင် ဒေါ်ဝင်းရီနေအိမ်၏ အနောက်ဘက်တွင် ခြံစည်းရိုးအဖြစ် စိုက်ပျိုးထားသော ကြက်ဆူပင်မှ ကြက်ဆူသီးအစေ့များအား ခူးယူစားသုံးကြရာမှ အစာအဆိပ်သင့်၍ မူးမေ့အော့အန်ကြရာ ကျေးရွာသားဖွားဆရာမ ဒေါ်အေးစန္ဒာမိုးထံ ဆေးကုသမှုခံယူကာ ဆက်လက်၍ ကျေးရွာမှ ပြည်ကြီးမဏ္ဍိုင်မြို့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရပြီး၊ ဆေးကုသမှု ခံယူလျက်ရှိသော ကလေးငယ်များမှာ ယခုအခါ စိုးရိမ်ရသော အခြေအနေတွင် မရှိကြောင်းသိရှိရသည်။
ဆေးကုသမှု ခံယူနေသော ကလေးများမှာ ယောက်ျားလေး(၉)ဦး၊ မိန်းကလေး(၇)ဦး၊ စုစုပေါင်း(၁၆)ဦးဖြစ်ပြီး အသက်(၂)နှစ် မှ(၁၃)နှစ် အရွယ်အထိပါဝင်ပြီး မူကြိုအဆင့်နှင့် ဆဋ္ဌမတန်းအထိကျောင်းသား/သူများ ပါဝင်ကြောင်းသိရှိရသည်။
Iprd Kawthoung
ကြက်ဆူသီးအစေ့များအား ခူးယူစားသုံးကြရာမှ ကလေးငယ် (၁၆)ဦး အစာအဆိပ်သင့်
Reviewed by THITHTOOLWIN
on
21:32
Rating:
