တောင်ဒဂုံမြို့ နယ် ရှိ အကွီစားသောက်ဆိုင် မီးလောင်မှုကြောင့် ငါးဦးသေ တစ်ဦးဒဏ်ရာရ (ဓါတ်ပုံများအား နှလုံးရောဂါရှိသူများ၊ ထိတ်လန့် တက်သူများ မကြည့်ရ)
ဒဂုံတောင်မြို့နယ် ၁၈ရပ်ကွက် မောင်းမကန်လမ်းနှင့် စည်ပင်လမ်းထောင့်ရှိ အကွီစားသောက်ဆိုင်တွင် ၂၁.၁.၁၇ရက်နေ့ ၀၄း၃၅အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆိုင်တွင်နေထိုင်သူ ငါးဦးသေဆုံးခဲ့ကာ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းတောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီကပြောသည်။
ဆိုင်အတွင်းရှိ ဂတ်စ်အိုးမှ ဂတ်စ်များပန်းထွက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူများမှာ ဆိုင်အတွင်းပိတ်မိသွားသောကြောင့်ဖြစ်ကြောင်းသိရသည်။
''ဂတ်စ်အိုးက ဂတ်ပန်းထွက်ပြီး အနီးမှာရှိတဲ့ မီးသွေးတို့ အခြားလောင်စာတွေကြောင့် မီးလောက်မှုဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ကသုံးသပ်တယ် ။သေဆုံးသူငါးဦးမှာ တစ်ဦးက ဆိုင်ပိုင်ရှင်ရဲ့သား ကျန်လေးဦးကတော့ ဆိုင်မှာ အလုပ်လုပ်တဲ့ကလေးတွေပါ။ ဒဏ်ရာရတဲ့သူတစ်ဦးကိုတော့ စံပြဆေးရုံမှာ တင်ထားပါတယ်''ဟုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောသည်။
မီးလောက်ကျွမ်းမူကို ၄နာရီမိနစ်၄၀တွင်မီးထိန်းနိုင်ကာ ၅နာရီ၅မိနစ်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းနှင့်မီးလောင်မှုကြောင့် စတင်လောင်သည့်စားသောက်ဆိုင်နှင့်ဘေးရှိနေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ၉၇သိန်းကျပ်ဖြစ်ကြောင်းသိရသည် ။
လဝန်း -ဓါတ်ပုံ( Nyi Nyi fb)
Pyi Myanmar
https://www.facebook.com/pyimyanmarnews/
တောင်ဒဂုံမြို့ နယ် ရှိ အကွီစားသောက်ဆိုင် မီးလောင်မှုကြောင့် ငါးဦးသေ တစ်ဦးဒဏ်ရာရ (ဓါတ်ပုံများအား နှလုံးရောဂါရှိသူများ၊ ထိတ်လန့် တက်သူများ မကြည့်ရ)
Reviewed by THITHTOOLWIN
on
09:26
Rating:
