အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုတွေ့ရစဉ်။ Photo: President Donald J. Trump |
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုထံက အကူအညီတွေ ထပ်မံတိုးတက် မရရှိတော့ဘူး ဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်ဆံပူးပေါင်းမှုတွေကို ပိုမိုတိုးချဲ့လာနိုင်တယ်လို့လည်း တရုတ်သတင်းစာမှာ ဖေါ်ပြ ထားပါတယ်။
(American Myanmar Chamber of Commerce) အမေရိကန် မြန်မာကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းတင် ကတော့ အဲဒီ အယူအဆကို သူလက်မခံနိုင်ကြောင်း၊ တရုတ်နိုင်ငံဟာ သမ္မတ ထရမ့်လက်ထက်မှာ အမေရိ ကန်နိုင်ငံက လက်ရှိရရှိနေတဲ့ ကုန်သွယ်မှုအမြတ်အစွန်းတွေ လျှော့နည်းသွားမှာကို စိုးရိမ်နေတာကြောင့် သူတို့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို စည်းရုံးနေတာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
"အရှေ့တောင်အာရှ ၁၀ နိုင်ငံအားလုံးကို သူကစည်းရုံးတယ်တဲ့၊ အဲဒီအထဲမှာ မြန်မာကိုစည်းရုံးလို့ အလိုအပ်ဆုံးပဲခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်က တရုတ်ကို တော်တော်လေး အားကိုးခဲ့ပါတယ်ခင်ဗျ၊ အိမ်နီးနားချင်းမို့လို့လည်း အားကိုးခဲ့တာပါတယ် ဒါပေမဲ့ အခုကျနော်တို့ အားကိုးဖို့မလိုတော့ပါဘူး၊ ကျနော်တို့မှာ ပို့လို့ရတဲ့တိုင်းပြည်တွေ အများကြီးရှိပါတယ်၊ ကျနော်တို့ ပွဲစားတွေမလိုတော့ပါဘူး၊ ဒေါ်နယ်လ်ထရမ့်က သူဟာသူ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် သူက ကျနော်တို့တိုင်းပြည်ကို တော်တော်လေး စိတ်ဝင်စားတာပါ ဒါပေမဲ့ ကျနော်တို့က ဒီဥစ္စာကို သူသိအောင် သူ့အထိရောက်အောင် ဒါကိုကျနော်တို့ လုပ်ရမှာ၊ ဆောင်ရွက်ရမှာဖြစ်ပါတယ်"
ဒါ့အပြင် Global Times သတင်းစာမှာ အမေရိကန် သမ္မတ ထရမ့်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တရုတ်နိုင်ငံက တိုးချဲ့နိုင်ကြောင်း၊ တရုတ်ပြည်ဟာ ဒေသ အတွင်း ပြိုင်ဘက်မရှိ ဗိုလ်ကျစိုးမိုးရေးဝါဒကို ကျင့်သုံးခြင်းမရှိကြောင်းနဲ့ တခြားတိုင်းပြည် တစ်ခုခုက အလားတူ လုပ်ဆောင်မှုကိုလည်း ကန့်ကွက်ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။
တရုတ်အစိုးရအာဘော် သတင်းစာက အမေရိကန်အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေ လျှော့ ချနိုင်ကြောင်း ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် မြန်မာကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းတင်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြန်မာကို ကူညီမှု ကန် လျှော့ ချနိုင်ဟု တရုတ် ပြောကြား
Reviewed by THITHTOOLWIN
on
13:26
Rating: