တာချီလိတ်မြို့၊ တာလော့ရပ်ကွက်ရှိ နေအိမ်အပေါ်ထပ် မီးလောင်၍ လူတစ်ဦး သေဆုံးမှုဖြစ်


တာချီလိတ် ဇန်န၀ါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဂေါ်သဇင်လမ်း၊ အိမ်အမှတ်(၄/၁၆၀) (က၊ခ)၊ ပိုင်ရှင် ဦးစိုင်းမြင့်၏ နေအိမ်အပေါ်ထပ် (၅)ထပ်ရှိ အပေါ်ဆုံးထပ်တွင် ယနေ့ ဇန်န၀ါရီ ၃၀ ရက်၊ နံနက် ၈ နာရီ ၂၀ ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။


ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးစိုင်းမြင့် (၇၃)နှစ်သည် နေအိပ်အပေါ်ဆုံးထပ်ရှိ ဘုရားစင်တွင် ဖယောင်းတိုင် မီးပူဇော်ရာမှ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ပြီး၊ မီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက မီးသတ်ယာဉ်၊ ရေသယ်ယာဉ် စုစုပေါင်း(၁၀)စီး၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ မီးသတ်ယာဉ်များဖြင့် ၀ိုင်းဝန်းမီးငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၄၅ တွင် မီးညွန့်ကျိုးကာ ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မီးလုံးဝ ငြှိမ်းသွားခဲ့သည်။


 မီးလောင်မှုကြောင့် ပိုင်ရှင် ဦးစိုင်းမြင့်မှာ သေဆုံးခဲ့ပြီး၊ အခန်းအတွင်းရှိ ပစ္စည်းများမီးလောင်ဆုံးရှုံးကာ အခြားသို့ မီးကူးစက် လောင်ကျွမ်း ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


တာချီလိတ်မြို့၊ တာလော့ရပ်ကွက်ရှိ နေအိမ်အပေါ်ထပ် မီးလောင်၍ လူတစ်ဦး သေဆုံးမှုဖြစ် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်ရှိ နေအိမ်အပေါ်ထပ် မီးလောင်၍ လူတစ်ဦး သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.