မြောက်ဦးမြို့မီးလောင်၊ နေအိမ် ၂ လုံးဆုံးရှုံး


နိရဉ္စရာ၊ ဇန်န၀ါရီ ၂၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယနေ့ ညနေက မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် နှစ်လုံး မီးထဲပါ ဆုံးရှုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

“ လောင်တာက ဒီက ညနေ ၅ နာရီ ၁၅ မိနစ်မှာ ကြက်ဈေး ခွဆုံအနီးမှာရှိတဲ့ ဦးသံခဲအောင်အိမ်က စလောင်ပါတယ်။ ထမင်းချက်နေချိန် အပြင်ထွက် စကားပြောနေစဉ်အမှာ မီးဖိုအနီးက ၀ါးထရံကနေ ကူးစက် လောင်တာ ဖြစ်ပါတယ်။ ညနေ ၅ နာရီ ၄၅ မိနစ်မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု မြောက်ဦးရဲစခန်းမှ ဒုရဲအုပ်သန်းဖေက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။


မီးလောင်မှုကြောင့် ဦးသံခဲအောင် အိမ်နှင့် ဘေးချင်းကပ်တည်ရှိသော ဦးကျော်စိန်၏ အိမ်လည်း တစ်ပိုင်းတစ်စ မီးလောင်ကျွမ်းသွားခဲ့သည်ဟု ဆိုသည်။

“ ဆုံးရှုံးမှုက မီးသတ် ဦးစီးမှူး ဦးစံထွန်း တွက်ချက်မှု အရ ၁၂ ကျပ် သိန်းဖိုးရှိတယ်လို့ ပြောတယ်။ ကျွန်တော်တို့ တွက်ချက်တာ မဟုတ်ဘူးနော်။ မီးသတ်က တွက်ချက်တာ။ လောင်တာတဲ့အိမ်က နှစ်ထပ်အိမ်ပေါ့။ မီးသတ်ကားနှစ်စီး၊ စည်ပင်က ကားတစ်စီးနဲ့ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုအခါ မီးလောင်မှုကြောင့် မြောက်ဦးရဲစခန်းတွင် အမှုဖွင့်ထားပြီး မီးပေါ့ဆစွာသုံးစွဲမှု ပုဒ်မ ၂၈၅ ဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။

(ဓာတ်ပုံ- တင့်ဆွေမောင်နှင့် အာရီယံ)
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့မီးလောင်၊ နေအိမ် ၂ လုံးဆုံးရှုံး  မြောက်ဦးမြို့မီးလောင်၊ နေအိမ် ၂ လုံးဆုံးရှုံး Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.