(တောင်ကြီး၊ ဇန်နဝါရီ ၂၀)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ကျောင်းကြီးစုရေကန်အတွင်းသို့ ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၀ နာရီကျော်ခန့်က အမျိုးသားတစ်ဦး ခုန်ချ၍ ရေနစ်သေဆုံး သွားခဲ့ကြောင်း သိရသည်။
``အုတ်တံတိုင်းပေါ်ကျော်တက်ပြီး ခုန်ချသွားတာ မြင်လိုက်တယ် ဦးတို့ကလည်း ကန်ထဲရေဆင်းကူးတယ်ထင်ပြီး လာကြည့်တာ အနားရောက်တော့ သေနေပြီ အဲ့တာနဲ့ ရပ်ကွက်ရုံးကို အကြောင်းကြားလိုက်တာ´´ ဟု ကန်စောင့်ဖြစ်သူမှ ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ ပြောပြသည်။
သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကာ မည်သူမည်ဝါဖြစ်သည်ကို သိရှိရခြင်း မရှိသေးဘဲ အလောင်းအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
တောင်ကြီး ကျောင်းကြီးစု ရေကန်အတွင်းသို့ အမျိုးသားတစ်ဦး ခုန်ချသေဆုံး
Reviewed by THITHTOOLWIN
on
18:51
Rating:
