တက္ကစီဆရာ ဦးနေ၀င်း၏ ဈာပနကို ပြည်သူအများအပြား လိုက်လံပို့ဆောင်


ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ယနေ့ ဇန်န၀ါရီ ၃၁ ရက် နံနက် ၁၁း၃၀ နာရီက ရေဝေးသုဿန်တွင် ပြုလုပ်သော အငှားယာဉ်မောင်း ဦးနေ၀င်း၏ ဈာပနကို လူအများအပြားလိုက်လံပို့ဆောင်ကြကြောင်း သတင်းရရှိသည်။


အငှားယာဉ်မောင်း ဦးနေ၀င်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီ ၂၉ ရက်နေ့က မသမာသူတဦးက တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ပစ်သတ်လုပ်ကြံရာတွင် ကျုးလွန်သူကို ကူညီဖမ်းဆီးရင်း အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ဦးနေ၀င်း၏ဈာပနကို ရန်ကုန်လေဆိပ်အသင်းဝင် Taxi အစီးရေအများအပြားလည်း လိုက်လံပို့ဆောင်ကြကြောင်း သိရသည်။


အသက်(၄၈)နှစ်အရွယ် ဦးနေ၀င်းသည် မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်၊ မြတောင်ညို(၁) လမ်းမှာ နေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးအပါအ၀င် အသက်(၇)နှစ်၊ (၄)နှစ်နှင့် (၄၅)ရက်သားအရွယ် သား(၃)ဦး ကျန်ရစ်ခဲ့သည်။

ကိုခက်
News Watch
https://www.facebook.com/NewsWatchJournal/
တက္ကစီဆရာ ဦးနေ၀င်း၏ ဈာပနကို ပြည်သူအများအပြား လိုက်လံပို့ဆောင် တက္ကစီဆရာ ဦးနေ၀င်း၏ ဈာပနကို ပြည်သူအများအပြား လိုက်လံပို့ဆောင် Reviewed by THITHTOOLWIN on 12:47 Rating: 5
Powered by Blogger.