ဗင်နီဇွဲလား၌ လေယာဉ်ပျက်ကျ ၊ ၆ ဦးသေဆုံး

ဗင်နီဇွဲလားနိုင်ငံ၌ ဇန်နဝါရီလ ၂၈ ရက်က ပျက်ကျသွားသော လေယာဉ်ငယ်၏ အပျက်အစီးပုံအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ကာရာကက်စ် ၊ ဇန်နဝါရီ ၃ဝ ရက် (ဆင်ဟွာ)

    ဗင်နီဇွဲလားနိုင်ငံ၌ ဇန်နဝါရီလ ၂၈ရက်က လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါသွားသူ ၆ ဦး အသက်သေဆုံးသွားကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ ၂၉ ရက်တွင်ပြောကြားခဲ့သည်။

BE-58 လေယာဉ်ငယ်သည် ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်း ဘာဆီလိုနာမြို့ မှထွက်ခွာလာပြီး ခရီးသွားဇုန်တည်ရှိရာ နိုင်ငံမြောက်ပိုင်းကမ်းရိုးတမ်းမြို့ ဖြစ်သော Margarita မြို့ သို့ ဦးတည်ပျံသန်းလာခြင်းဖြစ်ကြောင်း နှင့် ၄င်းမြို့ သို့ လေယာဉ်ဆိုက်ရောက်ပြီး မြေပြင်သို့ ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံရှေ့ နေချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အသေးစိတ်အကြောင်းအရာများကို ထုတ်ပြန်ထားခြင်းမရှိကြောင်း နှင့် မည်သည့်အတွက်ကြောင့် လေယာဉ်ပျက်ကျသွားရသည်ကို ဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်း ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

(Xinhua)
http://www.xinhuamyanmar.com

ဗင်နီဇွဲလား၌ လေယာဉ်ပျက်ကျ ၊ ၆ ဦးသေဆုံး ဗင်နီဇွဲလား၌ လေယာဉ်ပျက်ကျ ၊ ၆ ဦးသေဆုံး Reviewed by THITHTOOLWIN on 11:53 Rating: 5
Powered by Blogger.