ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ယနေ့ ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က (၆) ရပ်ကွက် မြတောင်ကျောင်းတိုက်မှ သက်တော် ၈၅ နှစ်၊ဝါတော် ၆၅ ဝါရှိ ကျောင်းထိုင်ဆရာတော် တစ်ဦးထဲရှိနေစဉ် လူနှစ်ဦးခန့်မှ ဓားပြတိုက်အနုကြမ်းစီးမှုဖြစ်ပွားခဲ့ရာ ဆရာတော်၏ ဦးခေါင်းနောက် စေ့နားတွင် တစ်လက်မခွဲခန့်ရှိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ကားငယ်တစ်စီးနှင့် ကျောင်းတိုက် အပေါ်ခန်းများခတ်သည့် သော့တွဲများ ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဆရာတော်၏ဘွဲ့ အမည်မှာ ဦးတိက္ခဝံဿဖြစ်ပြီး ယခုအကြိမ် ဓားပြတိုက်ခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ဓားပြတိုက်ခံရစဉ်က ကျပ် သိန် ၁၆၀ ဖိုးခန့်ပါသွားကြောင်း ဓားပြတိုက်ခံရသည်ကို ရှက်၍ မပြောခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်။
ယခုအကြိမ် ဓားပြတိုက်ခံရမှုကြောင့် မည်၍မည်မျှ ဆုံးရှုံးခဲ့သည်ကို စာရင်းပြုစုနေဆဲဖြစ်ပါတယ်၊ လောလောဆည်သိရှိရမှု စာရင်းအရ ကားတစီးပါသွားကြောင်း သိရှိရပါသည်၊ ဘုန်းတော်ကြီးကျောင်းအား အနုကြမ်းစီးဓားပြတိုက်နေစဉ် လေသေနတ်သံဟု ယူဆရသော သေနတ်သံတွေ ကြားရကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများကပြောပါသည်။
အနုကြမ်းစီးသွားသူ နှစ်ဦးအနက် တစ်ဦးအား ဆရာတော်မှ မှတ်မိကြောင်းနှင့် ဆွမ်းချိုင့်လာပို့သည်ဟု ထင်သောကြောင့် တံခါးဖွင့်ပေးရာမှ အရိုက်ခံရခြင်းဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ဆံပင်ရှည်ဖြင့် လူငယ်တစ်ဥိီးဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
အောင်အောင်ခိုင် 24News Toungoo မှ သတင်းပေးပို့ပါသည်။
ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်
https://www.facebook.com/tgotharw
တောင်ငူတွင် ယနေ့နံနက် ၉ နာရီခန့်က ဘုန်းကြီးကျောင်း တခု၌ ဓားပြတိုက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:47
Rating:
