ကနေဒါနိုင်ငံက ဗလီမှာ ပစ်ခတ်မှုဖြစ်၊ လူ(၄)ဦးထက်မနည်း သေဆုံး


ကနေဒါနိုင်ငံ၊ Quebec City(ကွီးဘက်ခ်စီးတီး)က ဗလီတစ်ခုမှာသေနတ် ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူ(၄)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာက ထုတ်ပြန်ပါတယ်။

ဇန်န၀ါရီလ (၂၉)ရက်နေ့ညက ကွီးဘက်ခ်အစ္စလာမ်မစ် ယဉ်ကျေးမှုစင်တာမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ ပြည်တွင်းမီဒီယာကပြောပါတယ်။

 ယဉ်ကျေးမှုစင်တာရဲ့ Facebook စာမျက်နှာမှာတော့ အခင်းဖြစ်ပွား ရာနေရာမှာ ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့ရဲ့ ဗီဒီယိုကိုတင်ထားပြီး လူအချို့သေဆုံးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ပစ်ခတ်မှုအတွင်း သေနတ်သမား  (၃)ယောက်အထိ ပါဝင်တယ်လို့ မျက်မြင်တစ်ဦးက ရိုက်တာသတင်းအေဂျင်စီကိုပြောပါတယ်။ ကွီးဘက်ခ်ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်တာကို အတည်ပြုပြော
ကြားခဲ့ပေမယ့် အသေးစိတ်တော့ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ကနေဒါနိုင်ငံက ဗလီမှာ ပစ်ခတ်မှုဖြစ်၊ လူ(၄)ဦးထက်မနည်း သေဆုံး  ကနေဒါနိုင်ငံက ဗလီမှာ ပစ်ခတ်မှုဖြစ်၊ လူ(၄)ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 16:54 Rating: 5
Powered by Blogger.