ဗန်းမောက် ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စုံတော်ကျေးရွာအုပ်စုရှိ ထာဝရ ရွှေမှော်ကုမ္ပဏီ ဝင်းအတွင်းသို့ ဇန်နဝါရီ ၂၆ ရက် ည ၁၀ နာရီခွဲခန့်တွင် လူအင်အား၂၅၀ ခန့်က ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်ကြောင့် သရီးကရောင်းယာဉ်တစ်စီး၊ ဘက်ဟိုးယာဉ်တစ်စီး ပျက်စီးသွားပြီး ရုံးခန်းအတွင်း ဗီရိုထဲမှငွေကျပ်ကျပ်သိန်း ၁၅၀ နှင့် ရုံးဝင်းအတွင်း၌ စုပုံထားသော ရွှေမြေစာပုံကျပ် ငွေကျပ်သိန်း ၅၀ ဖိုး ယူဆောင်သွားကာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်များအား ဖျက်ဆီးသွားကြောင်း သိရသည်။
အဆိုပါနေရာသို့ ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကသာခရိုင် ရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ဗန်းမောက်မြို့နယ် စုံတော်ကျေးရွာနှင့် တုံးပင်ကျေးရွာ တို့၌ ပြစ်မှုကျူးလွန်သူများ၏ သတင်းကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
လူအောင်(ကသာ)၊ ဓာတ်ပုံ-(မြို့နယ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဗန်းမောက်မြို့နယ်ရှိ ရွှေမှော်ကုမ္ပဏီဝင်းအတွင်း ပစ္စည်းများ ဖျက်ဆီးခံရ
Reviewed by THITHTOOLWIN
on
08:55
Rating:
