ခွေးရူးကိုက်ခံရသည့် မူလွန်ကျောင်းသား/သူ(၁၅)ဦးအနက် (၄)တန်းကျောင်းသူတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံး

ဓာတ်ပုံ - ကရင်ပြည်နယ်ဘားအံမြို့တော်
ဘားအံ ဇန် ၁၀

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးသို့ ဇန်န၀ါရီလ(၉)ရက်နေ့၊ ညနေ(၅)နာရီခွဲကျော်အချိန် ပိုင်ကျုံမြို့နယ်ရှိ ပေါက်လောက်တောင်ကလေးကျေးရွာ မူလွန်ကျောင်းမှ ခွေးရူးကိုက်ခံရသော ကျောင်းသား/သူများ ဆေးကုသမှုခံယူရန် ရောက်ရှိခဲ့ကြောင်း သိရပြီး ကျောင်းသား/သူများအနက် မနန်းမူကောလာ၊၁၀နှစ်၊(ဘ)ဦးစောဆူးခလိန်း၊(၂)တန်း၊ ပေါက်လောက် တောင်ကလေးကျေးရွာ၊ ပိုင်ကျုံမြို့နယ်နေသူ(၁)ဦးကို ဘားအံဆေးရုံကြီး ခလေးအဆောင်အောက်ထပ်တွင် ကုသပေးလျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(လယ်)ခန့်က ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ ပေါက်လောက်တောင်ကလေးကျေးရွာ မုလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများဖြစ်သော ခလိန်းဖောကြည်၊၁၃နှစ်၊(၃)တန်း။စောထူးဝါး၊၁၃နှစ်၊(၃)တန်း။စောကြည်ဝင်း၊၁၂နှစ်၊(၄)တန်း။ စောရဲနိုင်ဦး၊၁၂နှစ်၊ (၃)တန်း။ စောကျော်ခဒိတ်၊၁၀နှစ်၊(၂)တန်း။ စောသိန်းထိုင်ခိ၊ ၁၂နှစ်၊ (၄)
တန်း။မောင်မြင့်အေး၊၁၂နှစ်၊(၅)တန်း။ နန်းချက်အဲ၊ ၁၃နှစ်၊(၅)တန်း၊နန်းမြင့်ထွန်း၊၁၃နှစ်၊(၅)တန်း။နန်းမူးလားအုန်း၊ ၁၃နှစ်၊(၆)တန်း။နန်းချောင်ဖော့ပစ်၊ ၁၃နှစ်၊ (၅)တန်း။ နန်းကြည်ကြည်မြင့်၊ ၁၃နှစ်၊(၅)တန်း။သိန်းဇော်မြင့်၊၁၂နှစ်၊(၆)တန်း။ မဆုံမူနောင်၊၁၃နှစ်(၄)တန်း။ဆေးကုသမှုခံယူ နန်းမူကေလာအပါအ၀င် စုစုပေါင်း ကျောင်းသား(၈)ဦးနှင့်ကျောင်းသူ(၇)ဦးတို့အား ခွေးရူးအ
ကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၅)ဦးအနက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးမထိုးခဲ့သည့် မဆုံမူနောင်၊၁၃နှစ်(၄)တန်းကျောင်းသူမှာ ဇန်န၀ါရီလ(၃)ရက်နေ့က ခွေးရူးပြန်ရောဂါဖြင် သေဆုံးသွားခဲ့ပြီး နန်းမူကေလာမှာ ခွေးရူးပြန်ရောဂါထပ်မံဖြစ်လာသဖြင့် ကျန်ကျောင်းသား/ကျောင်းသူများအတွက်ပါ
စိုးရိမ်ကြသဖြင့် ပေါက်လောက်တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥက္ကံ၊ မူလတန်းပြ ဆရာမ ဒေါ်သိမ့်သိမ့်မွေး၊ ဒေါ်သင်းသင်းဌေးနှင့် ကျောင်းသားမိဘများမှ ဘားအံပြည်သူ့ဆေးရုံကြီးသို့ လိုအပ်သည့် ဆေးကုသမှုများပါ ခံယူနိုင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တာဝန်ကျဆရာဝန်မှ ကျန်ကျောင်းသား(၈)ဦးနှင့်ကျောင်းသူ(၅)ဦးပေါင်း(၁၃)ဦးမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေး(၂)ကြိမ် ထိုးထားပြီးဖြစ်သည့်အတွက် တတိယကြိမ်ကာကွယ် ဆေးထပ်မံထိုးရန် လှိုင်းဘွဲဆေးရုံကြီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်တွင် ခွေးရူးကိုက်သည့် ကျောင်းသား/ကျောင်းသူများအနက် ခွေးရူးပြန်ကာကွယ်ဆေးမထိုးသည့်ကျောင်းသူမှာအုပ်ထိန်းသူများ၏ ကျန်းမာရေးအသိပညာနည်းပါးခြင်းကြောင့်လား၊ တာဝန်ရှိသူတွေ ပေါ့လျော့ခဲ့တာလား ဘာကြောင့်ကာကွယ်ဆေးထိုးဖို့အခွင့်အရေးမရခဲ့တာလည်းဆိုတာ ထို့နေ့က ဘားအံဆေးရုံဆေးရုံကြီးသို့ လာရောက်ကုသစဉ် မြင်တွေ့ကြားသိခဲ့ရသူများအနေဖြင့် စိတ်မကောင်းစရာထက် ရင်နာစရာ အဖြစ်အပျက်တစ်ခုလို့ပင် မှတ်ယူရမည်ထင်---
ကျန်းမာရေးအသိပညာများ တိုးပွားကြပါစေ-----

မင်းသူ (ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
ခွေးရူးကိုက်ခံရသည့် မူလွန်ကျောင်းသား/သူ(၁၅)ဦးအနက် (၄)တန်းကျောင်းသူတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံး ခွေးရူးကိုက်ခံရသည့် မူလွန်ကျောင်းသား/သူ(၁၅)ဦးအနက် (၄)တန်းကျောင်းသူတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံး Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.