NLD ပါတီ ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ့ ဦးကိုနီ အသတ်ခံရမှု မှာ တရားခံ ကို အသက်နဲ့ ရင်းပြီး ဖမ်းပေး ခဲ့တဲ့ တက္ကစီ မောင်းသူ ကိုနေဝင်း ရဲ့ ကျန်ရစ်သူ မိသားစု ဝင်တွေကို လူအများအပြား က သွားရောက် အားပေးမှုတွေ လုပ်ခဲ့ကြပါတယ်။
အကြမ်းဖက်မှုကို ရပ်ကြည့် မနေဘဲ တာဝန်သိ ပြည်သူ တစ်ယောက် အနေနဲ့ တရားခံ ကို ဖမ်းဆီး ပေးခဲ့တာကြောင့် ဂုဏ်ပြုလိုတဲ့ အတွက် မိသားစု တွေကို အားပေး စကားပြောကြားခဲ့တယ်လို့ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ယောက် က ပြောပါတယ်။
ကွယ်လွန်သူ ကိုနေဝင်းမှာ ဇနီးသည် နဲ့ သား သုံးယောက် ကျန်ရှိခဲ့ပြီး ကလေးတွေ အတွက် ပညာရေး ဆုံးခန်း တိုင်တဲ့ အထိ တာဝန်ယူ ပေးသွားမယ်လို့ ရန်ကုန် နာရေး ကူညီမှု အသင်း တာဝန် ရှိသူ တစ်ဦး က ပြောကြား ခဲ့ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
တရားခံ ကို ဖမ်းပေးခဲ့တဲ့ သူရဲ့ ကျန်ရစ်သူ မိသားစု အားပေး ကူညီ
Reviewed by THITHTOOLWIN
on
08:35
Rating:
