မြို့နယ်အလုပ်အမှုဆောင်များနှင့် အစေးမကပ်သော ၀န်ကြီးများနှင့် လွှတ်တော်အမတ်များအလားအလာ မကောင်း ဟု မုံရွာရောက် ဦးဝင်းထိန် သတိပေး

ဓာတ်ပုံ- NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်နှင့်စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့အားတွေ့ရစဉ်
မုံရွာ၊ ဇန်န၀ါရီ-၂၁

NLDပါတီ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များနှင့် အစေးမကပ် သော ၀န်ကြီးများနှင့် လွှတ်တော်အမတ် များ အလားအလာ မ ကောင်းနိုင်ဟု မုံရွာမြို့သို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က သတိပေး ပြောကြားလိုက်ကြောင်းသတင်းရရှိသည်။

ဦးဝင်းထိန်သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်အမတ်များ၊ တိုင်း၊ခရိုင်၊မြို့နယ်အလုပ်အမှုဆောင် အဖွဲ့များ၊ လူငယ်အဖွဲ့ဝင်များ နှင့် မုံရွာမြို့ မြို့တော်ခန်းမတွင် ယနေ့ မနက်၁၀ နာရီက တွေ့ဆုံပွဲ ကျင်းပ ရာ အထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်သည်။

" အစိုးရ အဖွဲ့ ရောက်တဲ့နေရာတိုင်း မြို့နယ်၊ခရိုင် အလုပ်အမှုဆောင် (EC) အဖွဲ့နဲ့အဆက်အသွယ်လုပ်ပါ၊ အဖွဲ့ချုပ် EC နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဆက်သွယ်ရမယ်၊ စိတ်ကောက်မနေနဲ့သွားတွေ့ပါ၊ အခုကိုယ်စားလှယ်တွေက EC အဖွဲ့ ၀ိုင်းတွန်းပေးလို့ နိုင်ခဲ့တာ၊ အဲဒီအချက်မမေ့နဲ့၊ အစေးမကပ်ရင် ၊အလားအလာ မကောင်းဘူး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သောင်ပြို ကမ်းပြို နိုင်ခဲ့တာ လူထု က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ဆိုတာ မမေ့နဲ့၊ ကိုယ်ဘာသာ တော်တယ်လို့ထင်ရင် မှားနေပြီ၊ အဲလို ယုံရင် တစ်သီးပုဂ္ဂလ ၀င်ရွှေးခံလိုက်ကြပါလား၊ ဒါကြောင့် စည်းရုးံရေးစွမ်းအင် ကြောင့်ဆိုတာ မမေ့နဲ့ " ဟု ဦးဝင်းထိန်ကပြောကြားလိုက်သည်။


ယင်းတွေ့ဆုံပွဲတွင် ဦးဝင်းထိန်အမှာစကားပြောကြားခြင်းကို သာ မီဒီယာများ သတင်းတက်ရောက်ယူခွင့်ပေးခဲ့ပြီး ၊ မြို့နယ် အသီးသီးမှ ပါတီဝင်များ တင်ပြချက် များမှာ တံခါးပိတ် အစည်း
အဝေးဖြစ်သောကြောင့် သတင်းယူခွင့်မပေးခဲ့ပေ။

Monywa Gazette
https://www.facebook.com/monywagazette
မြို့နယ်အလုပ်အမှုဆောင်များနှင့် အစေးမကပ်သော ၀န်ကြီးများနှင့် လွှတ်တော်အမတ်များအလားအလာ မကောင်း ဟု မုံရွာရောက် ဦးဝင်းထိန် သတိပေး  မြို့နယ်အလုပ်အမှုဆောင်များနှင့် အစေးမကပ်သော ၀န်ကြီးများနှင့် လွှတ်တော်အမတ်များအလားအလာ မကောင်း ဟု မုံရွာရောက် ဦးဝင်းထိန် သတိပေး Reviewed by THITHTOOLWIN on 13:59 Rating: 5
Powered by Blogger.