နယူးဒေလီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ် Pudukottai ခရိုင်၌ Jallikattu (ခေါ်) နွားရိုင်းသတ်ပွဲ အားကစားအား ပြန်လည်ကျင်းပခွင့်ပေးလိုက်သည့် ဇန်နဝါရီ ၂၂ရက်တွင် လူ ၂ဦးသေဆုံးခဲ့ပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဒေသတွင်း နှင့် အိန္ဒိယနိုင်ငံ ဖယ်ဒရယ် အစိုးရက ယင်းရိုးရာပွဲအား ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ရန် အမိန့်ထုတ်ပြန်ပြီးနောက် Tamil Nadu ပြည်နယ် Jallikattu (ခေါ်) နွားရိုင်းသတ်ပွဲ အားကစား ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်အတွင်း နွားရိုင်းသတ်ပွဲ ပြန်လည်ကျင်းပခွင့်ပေးရန် ဆန္ဒပြမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြည်တွင်း ရုပ်သံလိုင်း များ၏ ဖော်ပြချက်အရ ခရိုင်အတွင်း ဒဏ်ရာရရှိသူအရေအတွက် သည် ၁၂၉ဦးရှိကြောင်း သိရသည်။
(Xinhua)
China Xinhua News
အိန္ဒိယနိုင်ငံ တွင် ပြန်လည်ကျင်းပခွင့်ပေးလိုက်သည့် နွားရိုင်းသတ်ပွဲအတွင်း လူ ၂ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:33
Rating:
