လက်ပစ်ဗုံးနှင့် ပစ်ခံရသဖြင့် လက်ကောက်ဝတ်မှ ပြတ်သွားပြီး ဒါဏ်ရာရရှိ

 လက်ပစ်ဗုံးနှင့် ပစ်ပြေးခဲ့သဖြင့် အပြစ်မဲ့ ပြည်သူတစ်ဦး ဒါဏ်ရာရရှိ
မိုးကောင်း ၊ ဇန္နဝါရီ - ၃၀

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာ၊ ထိုပူးချောင်း အရှေ့ဘက်(၃)မိုင်ခန့်ရှိ တောင်ပို့လှကွင်း လယ်တဲတွင် ဇန်န၀ါရီ (၃၀) ရက်နေ့ ယနေ့နံနက် (၈)နာရီ အချိန်ခန့်က ပစ္စည်းများ သိမ်းဆည်းနေစဉ် လက်ပစ်ဗုံးဖြင့် ပစ်ပြီး ထွက်ပြေးခဲ့သဖြင့် အပြစ်မဲ့ ပြည်သူတစ်ဦး ဒါဏ်ရာရရှိ ခဲ့ကြောင်း သိရပါသည်။


ထိုပူးကျေးရွာတွင် နေထိုင်သူ ဦးစိုးဝင်း(၃၂)နှစ်၊ (ဘ)ဦးကျားစိန်၏ ဘယ်ဘက်လက်ကောက်ဝတ်မှ ပြတ်သွားပြီး ညာဘက်လက်မနှင့် လက်ဖျံတွင် လက်ပစ်ဗုံးအစ ထိမှန်ခဲ့သည်။

ထိခိုက်ဒါဏ်ရာရရှိခဲ့သူ ဦးစိုးဝင်းအား မိုးကောင်းပြည်သူ့ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေကြောင်းသိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
လက်ပစ်ဗုံးနှင့် ပစ်ခံရသဖြင့် လက်ကောက်ဝတ်မှ ပြတ်သွားပြီး ဒါဏ်ရာရရှိ  လက်ပစ်ဗုံးနှင့် ပစ်ခံရသဖြင့် လက်ကောက်ဝတ်မှ ပြတ်သွားပြီး ဒါဏ်ရာရရှိ Reviewed by THITHTOOLWIN on 12:12 Rating: 5
Powered by Blogger.