ထီးချိုင့်တွင် ကြံခင်း အလုပ်သမားခေါင်းဆောင်အား ကြံခုတ်လုပ်သားမှ လည်ပင်း ဓားဖြင့်ခုတ်သတ်


မုံရွာ၊ ဇန်နဝါရီ ၃၁။

ထီးချိုင့်မြို့နယ်ရှိ ကြံစိုက်ခင်းတစ်ခုတွင် အလုပ်သမား ခေါင်းဆောင်အား ကြံခုတ်လုပ်သားက လည်ပင်းအား ဓားဖြင့် ခုတ်သတ်သော လူသတ်မှုတစ်ခု ဇန်န၀ါရီ ၂၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်းလသတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျော်သာကုမ္ပဏီ ကြံစိုက်ခင်းအတွင်း အလုပ်သမားခေါင်းဆောင် ကိုမောင်လှိုင်၊ ကြီးကြပ်၊ အမှတ် ၁ စံပြရပ်ကွက် ၊ထီးချိုင့်မြို့နေသူသည် တောခုတ်ရန် ခေါ်လာသော နန်လန်ရွာမှ အလုပ်သမားအဖွဲ့ကို ကျွေးရန် ၀က်တစ်ကောင်အား ၀ယ်ပြီး မီးကင်နေစဉ် အလုပ်သမားကိုဗန်တိုက ဘာမှ မပြောမဆိုပဲ ဓားဖြင့် လည်ပင်းအား ခုတ်ပိုင်းခဲ့ကြောင်း ၊ အနားရှိ လူများကိုလည်း ဘာမှ မပြောရန် ကြိမ်းဝါးပြီး အလောင်းကို ပီနံအိတ်ဖြင့် ထည့်ကာ ဆိုင်ကယ်ပေါ်တင်၍ တောထဲသို့ မောင်းထွက်သွားခဲ့ကြောင်း အလုပ်သမားများမှ ရဲစခန်းသို့ပြောကြားချက်အရ သိရသည်။

လူသတ်သမားနောက်သို့ ဆိုင်ကယ် လမ်းကြောင်းအတိုင်း ရဲတပ်ဖွဲ့မှ လိုက်ရာ ကြံစိုက်ခင်းသွား ဒိုဇာလမ်းဘေးတွင် အလောင်းကို ပုဆိုးဖြင့်အုပ်၍ ပစ်ချထားသည်ကိုတွေ့ခဲ့ရသည်။

၎င်းလူသတ်မှုအား ကြံစိုက်ခင်းကုမ္ပဏီ ဒုတာဝန်ခံမှ ထီးချိုင့်မြို့မရဲစခန်းတွင် လူသတ်မှု ၊ အလောင်းဖျောက်ဖျက်ရန် ကြိုးစားမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/
ထီးချိုင့်တွင် ကြံခင်း အလုပ်သမားခေါင်းဆောင်အား ကြံခုတ်လုပ်သားမှ လည်ပင်း ဓားဖြင့်ခုတ်သတ်  ထီးချိုင့်တွင် ကြံခင်း အလုပ်သမားခေါင်းဆောင်အား ကြံခုတ်လုပ်သားမှ လည်ပင်း ဓားဖြင့်ခုတ်သတ် Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.