မြေလှန်ချစဉ် ဓာတ်ကြိုးနှင့် ထိမိ၍ ယာဉ်မီးလောင်ပြီး ယာဉ်မောင်း ဓာတ်လိုက် မီးလောင် သေဆုံး


နေပြည်တော်၊ ဇန်နဝါရီ ၁၁

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံအနီး မြေကွက်အတွင်းတွင် မြေလှန်ချစဉ် ဓာတ်ကြိုးနှင့် ထိမိ၍ ယာဉ်မီးလောင်ပြီး ယာဉ်မောင်း ဓာတ်လိုက် မီးလောင် သေဆုံးခဲ့ကြောင်း သိရပါသည်။


 ကားတစ်စီးမီးလောင်နေကြောင်း သတင်းအရ လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-ပဲခူးကားလမ်းဘေး မိုင်တိုင်အမှတ်(၃)အနီးရှိ မြေကွက်အတွင်းတွင် မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ရွှေပြည်သာမြို့နယ်နေ ဇော်ဝင်းထွဋ်(၂၅)နှစ် မောင်းနှင်သည့် 1M/×××× (၆)ဘီးအပြာရောင် Chamlong မြေသယ်ယာဉ်သည် ကားပေါ်မှ မြေကြီးများအား လှန်ချစဉ် ယာဉ်နောက်ဘော်ဒီထိပ်ပိုင်းနှင့် လှော်ကား-လှည်းကူးသွယ်တန်းထားသော 3.3 Kv မီးကြိုးနှင့် ထိမိ၍ မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်နောက်ဘော်ဒီ အတင်အချပြုလုပ်သော ခလုတ်အား ကိုင်နေသော ဇော်ဝင်းထွဋ်မှာ ဓာတ်လိုက်၍ သေဆုံးသွားကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းအား လှည်းကူးမြို့မ ရဲစခန်း(ပ)၄၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

သစ်ထူးလွင်
မြေလှန်ချစဉ် ဓာတ်ကြိုးနှင့် ထိမိ၍ ယာဉ်မီးလောင်ပြီး ယာဉ်မောင်း ဓာတ်လိုက် မီးလောင် သေဆုံး   မြေလှန်ချစဉ် ဓာတ်ကြိုးနှင့် ထိမိ၍ ယာဉ်မီးလောင်ပြီး ယာဉ်မောင်း ဓာတ်လိုက် မီးလောင် သေဆုံး Reviewed by THITHTOOLWIN on 05:14 Rating: 5
Powered by Blogger.