မြန်မာနိုင်ငံသား ငါးဦးကို သတ်ဖြတ်၍ မီးရှို့ခဲ့သည့် ထိုင်းနိုင်ငံသားကို မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်

 ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်း
မော်လမြိုင်၊ ဇန်နဝါရီ ၂၀။ ။မော်လမြိုင်မြို့၊ ရာမညဟိုတယ်တွင် ဖမ်းမိခဲ့သော မြန်မာနိုင်ငံသား ငါးဦးကို သတ်ဖြတ်၍ မီးရှို့ခဲ့သည့် ထိုင်းနိုင်ငံသားကို ဇန်နဝါရီ ၂၀ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မုပွန်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဦးက ပြောသည်။

ထိုင်းနိုင်ငံသား နှလုံးနှင့် ဆီချိုအထူးကုသမားတော် ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်းသည် ၂၀၁၂ ခုနှစ် အတွင်းက ၎င်းခြံ၌ အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ခြံအလုပ်သမား ငါးဦးကို သတ်ဖြတ်မီးရှို့ခဲ့ပြီး ထိုင်းတရားရုံးမှ အာမခံပေးထားရာမှ ထွက်တိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းတရားရုံး၌ ၂၀၁၅ ခုနှစ်က တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခံထားရတဲ့တရားခံပြေး တစ်ဦးဖြစ်ပြီး ဒေါက်တာ ဆိုဖာ့ကို မုပွန်နယ်မြေရဲစခန်းမှ လဝက အက်ဥပဒေ ၁၃ (၁) အရ အမှုဖွင့်အရေးယူထားရာမှ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
မြန်မာနိုင်ငံသား ငါးဦးကို သတ်ဖြတ်၍ မီးရှို့ခဲ့သည့် ထိုင်းနိုင်ငံသားကို မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်  မြန်မာနိုင်ငံသား ငါးဦးကို သတ်ဖြတ်၍ မီးရှို့ခဲ့သည့် ထိုင်းနိုင်ငံသားကို မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ် Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.