တာလေမြို့၊ မိုက်ဟုန်းစံခါကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွား


တာလေ ဇန်န၀ါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ မိုက်ဟုန်းစံခါကျေးရွာ၌ ယနေ့ ဇန်န၀ါရီ ၂၀ ရက်၊ နံနက် ၄ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ယနေ့ ဇန်န၀ါရီ ၂၀ ရက်၊ နံနက်အစောပိုင်းက ပူဟိုမိန်းပြည်သူ့စစ်ခေါင်းဆောင် ဦးကြည်လင်း၏ သတင်းပို့ချက်အရ စကခ(၁၈)မှ G1 စအရ (၉၁၃) မှ ဗိုလ်ကြီး ဟန်ရဲကို ၊ ခမရ(၃၁၆)မှ ဗိုလ်မှူး အောင်ဇော်ဖြိုး နှင့်တပ်ဖွဲ့ဝင်များ၊ တာလေမြို့မှ စခန်းမှူး ရဲအုပ် ချမ်းသာ ဦးစီးအဖွဲ့ တို့ သည် ဖြစ်စဉ်နေရာသို့ မြေပြင်ကွင်းဆင်း စစ်ဆေးရာ ပေါက်ကွဲမှုဖြစ်စဉ်နေရာသည် ကျေးရွာထိပ်ရှိ ဦးမြင့်ဦး နေအိမ်၏ (၆)ပေ(၈)လက်မနှင့် မြောက်ဘက်ခြံ စည်းရိုးအနီးတွင် အက်ကွဲအကျယ် (၆)လက်မ ရှိပြီး၊ ကျင်းဖြင့် BA(88)လက်ပစ်ဗုံးဖြင့် လုံခြုံရေးစို့အား အဝေးမှ ကြိုးဖြင့် ဆွဲ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


 အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒေသခံ ရွာသူ၊ ရွာသားများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရပြီး၊ ပေါက်ကွဲမှုဖြစ်ရာအနီး မြောက်ဘက် ၀ါးထရံကာအတွင်း မိုင်းစ(၃၅)စနှင့် အပေါ်သွပ်မိုးတွင် (၂၄)စ ထိမှန်ထား ကြောင်း နှင့် မိုင်းစများ ထိမှန်သည့် ဦးမြင့်ဦး၏ နေအိမ် အား စစ်ဆေးရာ (SENOO)အမျိုးအစား မီးအားမြှင့်စက်(၂)လုံး၊ ကော့တလက်(FUDI)အမျိုးအစား ဖုန်းတစ်လုံး၊ (ZTE) အမျိုးအစား ဖုန်းတစ်လုံး၊ ယူ အင် တာနာတိုင်(၂)ခု၊ ကော့တလက် တစ်တိုင် တွေ့ရှိခဲ့ကြောင်း သိရသည်။

သတင်း - ခရိုင်ပြန်/ဆက်
ဓာတ်ပုံ - တာလေထွေ/အုပ်
https://www.facebook.com/Iprd.tachileik
တာလေမြို့၊ မိုက်ဟုန်းစံခါကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွား  တာလေမြို့၊ မိုက်ဟုန်းစံခါကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.