တူရကီကုန်တင်လေယာဉ်ပျက်ကျမှု သေဆုံးသူ ၃၂ဦးရှိလာ

ပုံစာ- ကာဂျစ္စတန်နိုင်ငံ ဘီရှ်ကတ်မြို့တွင် ပျက်ကျခဲ့သည့် တူရကီလေယာဉ် အပျက်အစီးများအားတွေ့ရစဉ် (ဆင်ဟွာ
ဘီရှ်ကတ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကာဂျစ္စတန်နိုင်ငံ ဘီရှ်ကတ်မြို့တွင် ဇန်နဝါရီ ၁၆ရက်က တူရကီ ကုန်တင်လေယာဉ်ပျက်ကျခဲ့မှုတွင် အနည်းဆုံး သေဆုံးသူ ၃၂ဦးရှိလာကြောင်း သိရသည်။

ဘိုးရင် ၇၄၇သည် ဟောင်ကောင်မြို့မှ အစ္စတန်ဘူလ်မြို့သို့ ဦးတည်ပျံသန်းလာခြင်းဖြစ်ပြီး Manas လေဆိပ်အနီးတွင် ပျက်ကျခဲ့ရာ လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။


ကာဂျစ္စတန်နိုင်ငံက အဆိုပါကိစ္စရပ်အား စုံစမ်းစစ်ဆေးရန် အစိုးရကော်မရှင်အဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
China Xinhua News

တူရကီကုန်တင်လေယာဉ်ပျက်ကျမှု သေဆုံးသူ ၃၂ဦးရှိလာ  တူရကီကုန်တင်လေယာဉ်ပျက်ကျမှု သေဆုံးသူ ၃၂ဦးရှိလာ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.