ရွှေမှော်လုပ်ကွက်များ ရပ်နားထားခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်လက်မဲ့ဖြစ်


ဇန်နဝါရီ ၁၉ရက်

ကချင်ပြည်နယ် တနိုင်မြို့နယ် ရှင်းဗွေယန်မြို့ တွင် ရွှေမှော်လုပ်ကွက်များ ရပ်နားထားခြင်းကြောင်း ဒေသခံပြည်သူများ အလုပ်လက်မဲ့ ဖြစ်နေကြောင်း နာဂရိုးရာစာပေးနှင့် ယဉ်ကျေးမူ အဖွဲ ဥက္ကဌ ဦးစိန်ယုံ ကပြောသည်။

ရှင်ဗွေယန်မြို့မှနေတဲ့ ဒေသခံပြည်သူတွေက လယ်ယာမြေမရှိတဲ့အတွက်ကြောင့် ရွှေတူးဖော်တဲ့လုပ်ငန်းတွေမှ နေ့စားအဖြစ်နဲ့  မိသားစု စားဝတ်နေရေးအတွက် အဓိကထားပြီး ရှာဖွေ စားသောက်နေကြရတာပါ ခုလို ရွှေမှော်လုပ် ကွက်တွေ ရပ်နားထားတဲ့အတွက် စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေပါတယ်လို့ ယင်းကပြောကြားသည်။

အဓိကရွှေမှော်လုပ်ကွက်တွေ ပိတ်ထားရတဲ့ အကြောင်းက တနိုင်မြို့နယ်နဲ့ ရှင်ဗွေယန်မြို့ကို တင်ပို့ရောင်ချနေတဲ့ လောင်စာဆီတွေ ပိတ်ပင် ထားရှိတဲ့ အတွက်ကြောင့် လုပ်ငန်းတွေ ရပ်နားထား ရတာပါ ခုပိတ်ထားတား တစ်လ ကျော်ပြီ၊ လောင်စာဆီတင်မကဘူး ဆန်တွေလည်း ပိတ်ထားတယ် ဆက်ပြီးတော့ပိတ်ထား မယ်ဆိုရင် ဒီမှာရှိတဲ့ ဒေသခံပြည်သူတွေ အခက်ခဲများစွာနဲ့ တွေကြုံနေမှာ ဖြစ်တယ်လို့ ဆက်လက်ရှင်းပြသည်။

ကျွန်တော်တို့က ရွှေတူးဖော်တဲ့ လုပ်ကွက်မှာ နေ့ စားနဲ့ ဝင်လုပ်နေတာပါ၊ တခြားလယ်ယာမြေလည်း လုပ်ကိုင်စာသောက်တဲ့ နေရာမရှိဘူး ဆက်ပြီးတော့ လုပ်ကွက်တွေ ပိတ်ထားအုံးမယ်ဆိုမိသားစု စားဝတ်ေ်နရေးအတွက် အခက်ခဲတွေနဲ့ ကြုံ့ နေရမှာဖြစ်တယ်လို့  ရှင်ဗွေယန်မြို့နေ ဒေသခံတစ်ဦးက ပြောပြသည်။

ရွှေမှော်လုပ်ကွက်တွေ မြို့နဲ့ တစ်မိုင်ကျော်လောက်ဝေတယ်၊ လုပ်ကွက်မှာ အခြေချပြီး နေထိုင်နေတဲ့ မိသားစုဝင်ကလေးတွေဟာ ကျောင်းလာတက်တဲ့ နေရာမှာ ခုဆို လမ်းလျှောက်လာနေရတယ်၊ ယခင်က ဆိုင်ကယ်နဲ့ လာတာ၊ အကြောင်းရင်းက လုပ်ကွက်တွေ ရပ်နားထားတာရယ် ဆန်နှင့် လောင်စာဆီ သယ်ယူခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့  ပြောပြသည်။

ရှင်ဗွေယန်မြို့တွင် တရားဝင် လုပ်ကိုင်နေသော ရွှေမှော် လုပ်ကွက်နှင့် တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ကွက်ပေါင်း သုံးဆယ်ကျော်ရှိပြီး ဒေသခံများအနေဖြင့် ရွှေတူးဖော်သည့်လုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်နေရကြောင်း သိရသည်။

မင်းထွန်းဇော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရွှေမှော်လုပ်ကွက်များ ရပ်နားထားခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်လက်မဲ့ဖြစ်   ရွှေမှော်လုပ်ကွက်များ ရပ်နားထားခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်လက်မဲ့ဖြစ် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.