ကော့သောင်း-ဘုတ်ပြင်း လမ်းပေါ် ကျောက်သယ်ယာဉ် တစ်စီးတိမ်းမှောက်၊ (၄)ဦးသေဆုံး


ကော့သောင်း၊ ဇန်နဝါရီ ၁၉ ရက်

ကော့သောင်း - ဘုတ်ပြင်း ပြည်ထောင်စု လမ်းမကြီးပေါ် မိုင် တိုင်အမှတ်(၂၂၄/၇)၊ ခန့်မှန်းမြေပုံညွှန်း (အမ်အမ်-၅၆၇၆၁၁)တွင် ၄၅မိုင် စမ်းသီတာကျေးရွာ ၊ အနီး ကျောက်သယ်မော်တော်ယာဉ်တစ်စီး ဇန်န၀ါရီလ ၁၉ ရက်နေ့ ၁၇၀၀ နာရီ ကတိမ်းမှောက်မှုဖြစ်ပွားရာ လူ (၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အဆိုပါနေ့ က ကျောက်သယ်ယာဉ် FORLAND အမျိုးအစား အနီရောင်ယာဉ်အမှတ်၊ TNI-----------ခြောက်ဘီးကား ကျောက်သယ်ယာဉ်သည် ယာဉ်မောင်း ဦး-----ဆိုသူ မောင်းနင် ၍ ကော့သောင်း - ဘုတ်ပြင်း ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနင်လာစဉ် စမ်းသီတာကျေးရွာ မူလတန်းကျောင်း မှ ကျောင်းသား/သူ နှင့် ရွာသား တစ်ချို့ မှ လမ်းကြုံ လိုက်ပါ ရန်အကူအညီတောင်း သဖြင့် တင်ဆောင်ကာ ဆက်လက်မောင်းနင် လာ ရာ ရှေ့တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာ သည့် မော်တော်ယာဉ်အား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ပဲ ယာဉ်၏ ညာဘက်ခြမ်းသို့ ၀င်ရောက်ပွတ်တိုက်မိကာ လမ်းပေါ်တွင် ရပ်နေသူ သူရ ဆိုသူ အား ၀င်ရောက်တိုက်မိခဲ့ပြီး ၀င်ရောက်တိုက်မိသူနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ မစခန်းစန်းမြင့်၊ မဇင်ဇင်ထွေး၊ မသက်ထားဝေတို့ (၄) ဦး သေဆုံးပြီး ဦးကျော်မိုးခိုင်၊ မဇင်မာဝေ၊ မောင်ငြိမ်းချမ်းအောင် တို့(၃)ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်း အား ခမောက်ကြီးနယ်မြေရဲတပ်ဖွဲ့စခန်းမှ ယာဉ်မဆင်မခြင်မောင်းနင်မှု၊ လူသေဆုံးမှု တို့ဖြင့် ယာဉ်(ပ)၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ အရ ဆက်လက် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

Iprd Kawthoung
ကော့သောင်း-ဘုတ်ပြင်း လမ်းပေါ် ကျောက်သယ်ယာဉ် တစ်စီးတိမ်းမှောက်၊ (၄)ဦးသေဆုံး  ကော့သောင်း-ဘုတ်ပြင်း လမ်းပေါ် ကျောက်သယ်ယာဉ် တစ်စီးတိမ်းမှောက်၊ (၄)ဦးသေဆုံး Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.