ဝမ်ဟိုင်းဌာနချုပ်တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပေးမည်ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရပြော


ဇန်န၀ါရီလ ၁၁ ရက် ၂၀၁၇

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ေ ရွးကောက်ပွဲတွင် ကျေးသီးမဲဆန္ဒနယ် လည်းပါဝင်နေရာ ကျေးသီးမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် အခြေစိုက်ဌာနချုပ် ၀မ့်ဟိုင်းတွင် ရွေးကောက် ပွဲကျင်းပ ခွင့်နှင့် မဲရုံထောင်ခွင့်ကို ခွင့်ပြုမည်ဖြစ်ကြောင်း သျှမ်းပြည်တပ်မေ တာ် မြောက်ပိုင်း တာဝန်ရှိသူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဝမ့်ဟိုင်းကျေးရွာအုပ်စုတွင် မဲရုံထောင်ခွင့် ၊ ကျင်းပခွင့်များ ပါ ပေးအပ်မည်ဖြစ် ကာ ရွေးကောက်ပွဲကို အပြည့်အ၀ ထောက်ခံကြောင်းလည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောသည်။

“၀မ့်ဟိုင်း ကျေးရွာမှာ ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲ ကျင်းပခဲ့တာပဲ။ ကျနော်တို့က ရွေးကောက်ပွဲကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဘူး။ ” ဟု စိုင်းဘုန်းဟန်က ပြောသည်။

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များသည် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ် စာရင်းတွင် ပါဝင်ခဲ့သော်လည်း ရွေးကောက်ပွဲနီးကပ်လာချိန်တွင် မိုင်းရှူးမြို့နယ်၌ တပ်မတော်နှင့် SSA တို့အကြား တိုက်ခိုက်မှုများကြောင့် ရွေးကောက်ပွဲကော်မရှင်မှ အဆိုပါ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ကျင်းပမှုကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

“၂၀၁၅မှာလည်း အစိုးရဘက်က ဖျက်ခဲ့တာပဲ။ အခုတော့ ကူညီပေးဖို့ အသင့်ပါ။”ဟု စိုင်းဘုန်းဟန်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကာလ ၀မ့်ဟိုင်း ကျေးသီး မဲဆန္ဒနယ်တွင် ကျားဖြူပါတီမှာ အနိုင်ရရှိခဲ့ပြီး ယခုရွေးကောက်ပွဲတွင်မူ ကျားခေါင်း ၊ ကျားဖြူနှင့် NLD တို့မှာ အဓိက ပြိုင်ဘက်များအဖြစ် မိုင်းရှူးနှင့် ကျေးသီးမဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လာမည့် ဧပြီလ ၁ ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်၌ မဲဆန္ဒနယ် စုစုပေါင်း ၈ နေရာ ရှိနေပြီး သျှမ်းတပ်မတော် မြောက်ပိုင်း လှုပ်ရှားရာ မိုင်းရှူးနှင့် ကျေးသီးတွင် မဲဆန္ဒနယ် ၆ နေရာ ၊ ကျိုင်းတုံနှင့် ညောင်ရွှေတွင် ၁ နေရာစီ စုစုပေါင်း ၈ နေရာ သျှမ်းပြည်နယ်တွင် လစ်လပ်မဲဆန္ဒနယ်အဖြစ် ကျင်းပမည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်၊ စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ဝမ်ဟိုင်းဌာနချုပ်တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပေးမည်ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရပြော  ၀မ်ဟိုင်းဌာနချုပ်တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပေးမည်ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရပြော Reviewed by THITHTOOLWIN on 04:31 Rating: 5
Powered by Blogger.