သမ၀ါယမချေးငွေ ၁၀ သိန်းပေးရန်အတွက် မိန်းမဖြစ်သူ၏အဒေါ်နှင့် ၃ နှစ်အရွယ်မိန်းကလေးကို လူသတ်မီးရှို့ကာ ငွေယူမှု မန္တလေးတွင် ဖြစ်ပွား
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်တွင် ဒေါ်နန်းခင်ထွေးဝင်းအမည်ရှိ အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူ မနန်းဝင်းရွှေရည်မှုံ အမည်ရှိ ၃ နှစ်အရွယ် ကလေးငယ်တို့ ကို သတ်၍မီးရှို့ပြီး ငွေယူမှု ဇန်န၀ါရီ ၁၉ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသမီးကိုသတ်ပြီး ကလေးငယ်ကို မီးရှို့သတ်သူမှာ cctv မှတ်တမ်းများအရ သေဆုံးသူ၏ တူမဖြစ်သူ၏ ယောင်္ကျား၊ ဒုတိယနှစ်ကျောင်းသား ခိုင်ဝေ(၂၀)နှစ် ဆိုသူဖြစ်ပြီး သမ၀ါယမချေးငွေ ၁၀ သိန်း ပေးချေရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူ၏ ထွက်ဆိုချက်မှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၆ ဇန်န၀ါရီ ၁၀ရက်က ကိုခိုင်ဝေအား ဒေါ်နန်းခင်ထွေးဝင်းက စာရင်းလုပ်ကိုင်ရန် ခေါ်ယူသဖြင့် အတူနေထိုင်ခဲ့ပြီး ဇန်န၀ါရီ ၁၉ ရက်တွင် အဒေါ်ဖြစ်သူ၏ခင်ပွန်း အိမ်တွင်မရှိခိုက် ဒေါ်နန်းခင်ထွေးဝင်းအား ဓားဖြင့် အပိုင်းပိုင်းခုတ်ကာသတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၃ နှစ်အရွယ် ကလေးငယ်ဖြစ်သူ မနန်းဝင်းရွှေရည်မှုံကိုလည်း ထပ်မံသတ်ဖြတ်ခဲ့ပြီး အိတ်ထဲထည့်ကာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ မီးမရှို့ခင်တွင် နေအိမ်အခန်းအတွင်းဗီရိုထဲမှ ဆွဲကြိုး ၂ ကုံး၊ လက်သွပ် ၂ ကွင်း၊ ဟန်းချိန်း ၁ ခု၊ ဆွဲသီး ၁ ခုနှင့် ငွေ ၁၀၀၀တန် ၂သိန်းအုပ်ထဲမှ ကားအားဆီထဲ့ရန် ငွေ ၃ သောင်းအားယူပြီး ကျန်ငွေများကို မီးရှို့ပစ်ခဲ့ကြောင်း၊ ရွှေပစ္စည်းများကို အိမ်ခေါင်းရင်း အုတ်နံရံဘေးရှိ သစ်ခွပန်းပင် ငါးပင်အနက် အလယ်နှစ်ပင်၏အောက်တွင် ၀ှက်ထားခဲ့ကြောင်း ထွက်ဆိုချက်မှတ်တမ်းများအရ သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်မှုကျူးလွန်သူ ခိုင်ဝေ (၂၀)နှစ်အား မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းက(ပ)၅၅/၂၀၁၇ ရာဇသတ်ကြီးပုဒ် ၃၀၂/၄၃၆ အရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal/
သမ၀ါယမချေးငွေ ၁၀ သိန်းပေးရန်အတွက် မိန်းမဖြစ်သူ၏အဒေါ်နှင့် ၃ နှစ်အရွယ်မိန်းကလေးကို လူသတ်မီးရှို့ကာ ငွေယူမှု မန္တလေးတွင် ဖြစ်ပွား
Reviewed by THITHTOOLWIN
on
16:03
Rating:
