ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား လူနာတစ်ဦး မီးလောင်သေဆုံး

ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
ပုသိမ်ကြီး ဇန်န၀ါရီ ၁၁

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာအုပ်စု ရေထွက်ကျေးရွာရှိ အိမ်ရှင် ဦးဇော်လွင်ဦး၏ အိမ်ငှားထားရာ နေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်ခြင်းကြောင့် အိမ်ငှားထားသော နေအိမ် ၁၅'ပေ ၁၂'ပေ၊ ၆အိမ် မီးလောင်ခဲ့ပြီး တီဘီရောဂါဖြစ်ပွားနေသော လူနာတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

မီးစတင်လောင်ခဲ့ခြင်းမှာ လူနာ၏ နေအိမ်မှဖြစ်ပြီး လူနာ ခြင်ဆေးခွေထွန်း ထားရာ မီးမှ အိပ်ယာ ကိုမီးစွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဇာနည်ကိုကို
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား လူနာတစ်ဦး မီးလောင်သေဆုံး ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား လူနာတစ်ဦး မီးလောင်သေဆုံး Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.