မိုးကောင်းချောင်းအတွင်း လူသေအလောင်း မျောပါလာခြင်း


မိုးကောင်း ၊ ဇန္နဝါရီ - ၂၄

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မိုးကောင်းချောင်းအတွင်း အမည်မသိ ပုတ်ပွနေသော အမျိုးသားအလောင်း မှောက်လျက် အနေအထားဖြင့် မျောပါလာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၂၄)ရက်နေ့ နေ့လည်(၂)နာရီအချိန်ခန့်က မိုးကောင်းတံတား၏ အနောက်မြောက်ဘက်ကိုက်(၁၀၀)ခန့်အကွာ ကမ်းစပ်တွင် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိရ၍ မိုးကောင်းမြို့မ ရဲစခန်းမှူးဒုရဲမှူးအေးကြူနှင့်အဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဒုမီးသတ်တပ်ဖွဲ့မှူးချမ်းငြိမ်းသူနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လက်ထောက်ဆရာဝန်ဒေါက်တာချောစုစုစောတို့သည် အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးပြီး သေမှုသေခင်းဆိုင်ရာ အချက်အလက်များ ရယူရန်အတွက် မိုးကောင်းပြည်သူ့ဆေးရုံသို့ လောကတ္ထစရိယလူမှုကူညီရေးအသင်း(မိုးကောင်း)ကားဖြင့် ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးချက် ရယူခဲ့သည်။


ဆေးစစ်ဆေးချက်အရ သေဆုံးသူမှာ အသက်(၃၀)နှစ်ခန့် အမျိုးသားဖြစ်ပြီး ဝဲဘက်လည်ပင်းတွင် အနက်(၃)လက်မ၊ အရှည်(၈)လက်မခန့် ပြတ်ရှဒါဏ်ရာ တွေ့ရှိခဲ့ရသည်။

သေဆုံးသူမည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် ဝဲဘက်လက်မနှင့် ညာဘက်လက်မ အရေခွံကို မှုခင်းတပ်ဖွဲ့(စီအိုင်ဒီ)သို့ ပို့ဆောင်နိုင်ရန် စီစဉ်ထားရှိခြင်း ခန္ဓာကိုယ်ပေါ်မှ အမှတ်အသားများအား မှတ်တမ်းတင်ထားခြင်း မြို့ပေါ်ရပ်ကွက်များသို့ အကြောင်းကြား စုံစမ်းခြင်းများအား ပြုလုပ်ပြီး (ပ)၉/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ(၃၀၂) အမှုကြီးနှစ်စဉ်အမှတ်(၂/၂၀၁၇) အရ မိုးကောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
မိုးကောင်းချောင်းအတွင်း လူသေအလောင်း မျောပါလာခြင်း မိုးကောင်းချောင်းအတွင်း လူသေအလောင်း မျောပါလာခြင်း Reviewed by THITHTOOLWIN on 05:30 Rating: 5
Powered by Blogger.