ပုဇွန်တောင်ဈေးရှေ့ လူကူးမျဉ်းကြား အနီး ယာဉ်တိုက်မှုဖြစ် လမ်းဖြတ် ကူးသည့် အမျိုးသမီးတစ်ဦး သေဆုံး

ပုဇွန်တောင်ဈေးရှေ့၌ ယာဉ်တိုက်မှု ဖြစ်ပွား
ရန်ကုန် ဇန်နဝါရီ ၁၁

ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ပုဇွန်တောင်မြို့နယ် အမှတ်(၇) ရပ်ကွက် အထက် ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေးရှေ့ လူကူးမျဉ်းကြား အနီး၊ တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးရဲထွန်းဇော်(ဘ) ဦးထွန်းဦး (၅၂) နှစ် မထသ (၆၂)/ 5B-3553 သည် လမ်းဖြတ် ကူးသည့် ဒေါ်ချောစုလတ်၊ အသက်(၂၅)နှစ်ခန့် KMD ဝန်ထမ်းကို ဝင်ရောက် တိုက်မိရာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မထသ (၆၂) ယာဉ်မောင်းကို ပုဇွန်တောင်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

ပုဇွန်တောင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပုဇွန်တောင်ဈေးရှေ့ လူကူးမျဉ်းကြား အနီး ယာဉ်တိုက်မှုဖြစ် လမ်းဖြတ် ကူးသည့် အမျိုးသမီးတစ်ဦး သေဆုံး ပုဇွန်တောင်ဈေးရှေ့ လူကူးမျဉ်းကြား အနီး ယာဉ်တိုက်မှုဖြစ် လမ်းဖြတ် ကူးသည့် အမျိုးသမီးတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.