ဘားအံမြို့နယ်တွင် နောင်လုံးချောင်းရေတမံအောက် ခရုငုပ်သူ ရေနစ်သေဆုံး


ဘားအံ ဇန် ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်လုံအနောက်ကျေးရွာအုပ်စု၊ နောင်လုံချောင်းအတွင်း ဇန်န၀ါရ လ (၁၉) ရက်နေ့၊ မွန်းလွန်(၁)နာရီခွဲအချိန်ခန့်တွင် ခရုငုပ်သည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ အိန္ဒုနယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် စခန်းမှူး ရဲအုပ် ဇော်နိုင်အောင်နှင့်အဖွဲမှ သက်သေများဖြင့် သွားရောက် စစ်ဆေးခဲ့သေဆုံးသူမှာ ကျော်လှိုင်ထွန်း၊ ၂၀နှစ်၊(ဘ)ဦးထွန်းလှိုင်၊ အိန္ဒဲကျေးရွာ၊ ဘားအံမြို့နယ်နေသူဖြစ်ကြောင်းသိရပြီး ကျောကုန်းနှင့်ရင်ဘတ်တို့တွင် ပွန်းခြစ်ရာများတွေ့ရှိရပြီးအလောင်းအား ရဲဆေးစာဖြင့် ဘားအံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

ဖြစ်စဉ်အား စုံစမ်းရာ နောင်လုံချောင်းအတွင်းရှိ ရေတမံအားကာရံထားသော ထန်ပင်လုံးများအောက်သို့ ရေငုပ်ကာ ခရုရှာဖွေဖမ်းဆီးရာမှ ထန်းပင်လုံး အောက်ပိတ်မိကာ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ရဲအုပ်ဇော်နိုင်အောင်မှ ကျော်လှိုင်ထွန်းသေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အိန္ဒုနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၇)ဖြင့် ရေးဖွင့်စစ်ဆေးလျှက်ရှိကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
ဘားအံမြို့နယ်တွင် နောင်လုံးချောင်းရေတမံအောက် ခရုငုပ်သူ ရေနစ်သေဆုံး  ဘားအံမြို့နယ်တွင် နောင်လုံးချောင်းရေတမံအောက် ခရုငုပ်သူ ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.