ဂျလာလာဘတ် ဇန်နဝါရီ ၂၈
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်း နန်ဂါဟာပြည်နယ်အတွင်းရှိ အစ္စလာမ္မစ် နိုင်ငံတော်ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့အား သစ္စာခံသည့် စစ်သွေးကြွများ ပုန်းအောင်းနေသည့် ပစ်မှတ်များအား ဇန်နဝါရီ ၂၈ ရက် က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ခုနစ်ဦးထက် မနည်း သေဆုံးသွားကြောင်း အာဖဂန်စစ်ဘက်ပြောရေး ဆိုခွင့်ရှိသူ က ပြောကြားသည်။
ဇန်နဝါရီ ၂၈ ရက် အစောပိုင်းတွင် ထောက်လှမ်းရေးသတင်းပေးပို့မှုများအရ အချင်ခရိုင်တွင်းရှိ အိုင်အက်စ်သူပုန်များ၏ စခန်းများ အား မောင်းသူ မဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွအုပ်စုမှ တရားသူကြီးနှစ်ဦး အပါအဝင် စစ်သွေးကြွခုနစ်ဦး သေဆုံးကြောင်း အာဖဂန် အရှေ့ပိုင်းဒေသမှ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရှီဟာ အက်ကွာ ဖာကွီရီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
စစ်သွေးကြွများအား လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားသည်။
လက်နက်ကိုင် တိုက်ခိုက်မှုများဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံ အတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များ တပ်ခွဲချထားလျက်ရှိပြီး လက်နက်ကိုင် စစ်သွေးကြွများအား မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းကို မကြာခဏဆိုသလိုပြုလုပ်လျက်ရှိသည်။
နန်ဂါဟာပြည်နယ်နှင့် မြို့တော် ဂျလာလာဘတ်တွင် လွန်ခဲ့သည့်နှစ်နှစ် ကျော် ကာလကတည်းက အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်) တို့၏ လှုပ်ရှားဆောင်ရွက်မှုများ ရှိလာခဲ့သည်။
ဆင်ဟွာ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်၍ စစ်သွေးကြွခုနစ်ဦးသေ
Reviewed by THITHTOOLWIN
on
12:01
Rating:
