ဘူးသီးတောင်တွင် မီးလောင်၍ လူနေအိမ်တစ်လုံးဆုံးရှုံး


စစ်တွေ ၊ ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အမှတ်(၄) ရွာသစ်ရပ်ကွက် မင်းစောမွန် လမ်းတွင် ယနေ့ ညနေ ၇ နာရီခန့်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည် ဟုသိရသည်။

“ မီးကတစ်အိမ်တည်းကိုလောင်တာပါ။ ဘေးနားက အိမ်တွေကို မီးမကူးအောင် ထရံတွေကိုတော့ ဖြိုချလိုက်ရတာ ရှိပါတယ်။” ဟု မီးလောင်ရာတွင် ကိုယ်တိုင် ရောက်ရှိနေသူ dvb သတင်းထောက် ကိုအောင်က နိရဉ္စရာ သို့ပြောသည်။

မီးလောင်သည့် နေအိမ်ကို မီးသတ်ကား ၂ စီးနှင့် ပတ်ဝန်းကျင်မှ ရပ်ကွက်သူ၊ ရပ်ကွက်သား များမှ ဝိုင်းဝန်း မီးငြိမ်းသတ်နေကြသည် ဟု ဆိုသည်။

မီးလောင်သွားသည့် နေအိမ်မှာ သွပ်မိုး၊ ပျဉ်စီ၊ ပျဉ်ထောင် ဖြစ်ပြီး ဦးမောင်မောင်ရီ၏ နေအိမ်ဟု သိရသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
ဘူးသီးတောင်တွင် မီးလောင်၍ လူနေအိမ်တစ်လုံးဆုံးရှုံး  ဘူးသီးတောင်တွင် မီးလောင်၍ လူနေအိမ်တစ်လုံးဆုံးရှုံး Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.